“Gurumi Haribo” ဆိုတဲ့ အမည်နဲ့ အကောင့်ဟာ Jennie ရဲ့ ပရိသတ်တွေကို ထိတ်လန့်စေတဲ့ 18+ ပုံတွေတင်ခဲ့ပြီး ဒီအကောင့် က ဆိုရှယ်မီဒီယာမှာ တခြား Idol တွေရဲ့ ပုံတွေကိုလည်း ရိုက်ပြီးတင်ဖူးတယ်လို့ ETtoday က ဖော်ပြခဲ့ပါတယ်။ သူက Jennie ရဲ့ဖုန်းမှာ အတွင်းခံဘောင်းဘီ သေးသေးလေးကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးရဲ့ ၀တ်လစ်စလစ် ဓာတ်ပုံပါရှိတယ်လို့ လှောင်ပြောင်ခဲ့ပါသေးတယ်။

Jennie နဲ့ BTS V တို့ လအတော်ကြာ ချိန်းတွေ့ခဲ့ကြပြီး Jeju ကျွန်းကို အတူတူ ခရီးထွက်ခဲ့ကြကြောင်း အဆိုပါ hacker က အတည်ပြုခဲ့သလို Jennie ရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများကိုလည်း ပေါက်ကြားစေခဲ့ပါတယ်။ ဒါ့ပြင် Jennie ရဲ့ gallery ထဲက screenshot တစ်ခုကို ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီမှာတော့ ဓာတ်ပုံ folder တစ်ခုကို “18+” လို့ နာမည်ပေးထားခဲ့တာကြောင့် ပရိသတ်တွေကို များစွာထိတ်လန့်စေခဲ့ပါတယ်။

SNS အကောင့်တစ်ခုက Jennie ရဲ့ ရေချိုးကန်ထဲက ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ Caption မှာ “Jennie က လူတိုင်းကို unfollow လုပ်ထားပေမယ့် V နဲ့ ဓာတ်ပုံတွေကိုတော့ ထုတ်ဖော်ထားပြီးသားပါ။ အခုက အရမ်းနောက်ကျနေပြီ။ ဒါကတော့ Jennie က ရေချိုးကန်ထဲမှာ ရေချိုးနေတဲ့ပုံဖြစ်တယ်” လို့ ဖော်ပြထားခဲ့တာပါ။

YG Entertainment ကတော့ ဒီအချက်အလက်တွေကို အတည်မပြုရသေးတာကြောင့် ပရိသတ်တွေက ပိုပြီး စိုးရိမ်နေကြပြီး ဒေါသတွေ ထွက်နေကြပါတယ်။ Hacker ကို ဒီလိုလုပ်ရပ်မျိုးထပ်မလုပ်ဖို့၊ တရားဉပဒေအရ အရေးယူပေးဖို့၊ ကောင်မလေးကို ကာကွယ်ပေးဖို့ YG Entertainment ကို တောင်းဆိုနေကြသလို အပြစ်တွေလည်း တင်နေကြပါတယ်။
သတင်း အရင်းအမြစ်៖ KBIZoom