ဖျံတွေ ရေထဲမှာ ဘာကြောင့် လက်ကိုင်ပြီး အိပ်ကြတာလဲ...?

//s9.kh1.co/31/31cab90280c8f125fb63d14faefe3944fe2df104.jpg
MPT

 ၀၆-အောက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဖျံတွေ ရေထဲမှာ ဘာကြောင့် လက်ကိုင်ပြီး အိပ်ကြတာလဲ...?

ရေဘုရင်လို့တောင် တင်စားခြင်းခံရတဲ့ ပင်လယ်ဖျံတွေဟာ ရေထဲမှာ ပက်လက်လန်ပြီး အိပ်စက်အနားယူတတ်ကြတဲ့ တစ်ခုတည်းသော တိရစ္ဆာန်ဆိုတာကို အားလုံးသိကြမှာပါ။

https://s9.kh1.co/__image/w=500,h=335,q=100/48/487d98bf82e2073468b1a1024b638fb23dfa3dad.webp

ဒါပေမယ့် သူတို့ ရေထဲမှာ အိပ်ပျော်နေချိန် တစ်ကောင်နဲ့ တစ်ကောင် ဘာကြောင့် လက်ကိုင်ပြီး အိပ်ရတာလဲဆိုတာကတော့ သိတဲ့သူခပ်ရှားရှားပါ။

https://s9.kh1.co/__image/w=650,h=472,q=100/27/273ab8eeed80383f04296d90b916ca4f339df2bb.jpg

ဖျံတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ လေ့လာချက်မှာ ပင်လယ်ဖျံများဟာ ရေထဲမှာ အိပ်ပျော်နေချိန် ဟိုးအဝေးကြီးကို မပျံ့လွင့်သွားအောင် တစ်ကောင်နဲ့ တစ်ကောင် လက်တွေ ဆုပ်ကိုင်ထားကြတာလို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/39/39debb10b13c9b83f1af60bb3a99864e652896c0.webp

ပြီးတော့ လက်ကိုင်ထားရတဲ့ အကြောင်းအရင်း နောက်ထက်တစ်ခုကတော့ အိပ်ပျော်နေတဲ့အချိန် သူတို့ရဲ့ အိမ်ထောင်ဖက်အမျိုးသမီးတွေကို အခြားအထီးတွေနဲ့ ပါသွားမှာကိုလည်း ဆိုးရိမ်ကြလို့ပါ။ဒါက အိမ်ထောင်ဖက်ရှာတဲ့အခါ ဖျံအထီးတွေကြားမှာ ပြိုင်ဆိုင်မှု တစ်ခုလို့ ပြောလို့ ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/99/99f5523d9eeb7859b9136abf2cded9ed72e30000.jpg

တတိယအကြောင်းရင်းကတော့ သူတို့လက်ထဲမှာရှိတဲ့ သားကောင်တွေနဲ့ မုဆိုးတွေလက်ကနေ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ပါပဲ။ ဖျံတွေမှာ သီးခြားအိပ်စရာနေရာမရှိပေမယ့် သူတို့အတွက် ဘေးကင်းမဲ့ နေရာကိုပဲ ရှာကြပါတယ်။ သူတို့က ရေထဲမှာ ပက်လက်အိပ်ကြသလို ကုန်းပေါ်မှာလည်း အိပ်နိုင်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T