နှစ်ပေါင်း ၁၈၈ နှစ်ကျော် နေထိုင်ခဲ့ဖူးတဲ့ ကမ္ဘာ့အသက်အကြီးဆုံး လိပ်မကြီး

//s9.kh1.co/ae/ae6761aa933e6cb97c2082d8c8e8c1d7e7d269c6.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-အောက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဒါတောင် လိပ်တစ်ကောင်ရဲ့သက်တမ်းဖြစ်ပြီး လူသက်တမ်းနဲ့တွက်ရင်......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

Tu'i Malila ဟာ Captain James Cook ရဲ့ လိပ်ဖြစ်ပါတယ်။ ကပ္ပတိန်ဟာ Tonga တော်၀င်မိသားစုကို ဒီလိပ်ကြီးပေးခဲ့ဖူးပါတယမ။ ဒီလိပ်ကြီးဟာ Madagascar က လိပ်မကြီးဖြစ်ပါတယ်။ လူတွေဟာ သူ မသေဆုံးခင်အထိ အထီးတစ်ကောင်လို့ ထင်ခဲ့ပြီး သေဆုံးသွားချိန်မှ အမဖြစ်နေကြောင်းသိခဲ့ရတာပါ။ သူဟာ ကမ္ဘာပေါ်မှာ နေထိုင်ခဲ့တဲ့ အသက်အကြီးဆုံး သက်ရှိအဖြစ် မှတ်တမ်းတင်ခံထားရတဲ့လိပ်ကြီးပဲဖြစ်ပါတယ်။ Tu'i Malila ဆိုတာဟာ Tongan ဘာသာစကားအရ ဘာသာပြန်မယ်ဆိုရင် King Malila လို့ အဓိပ္ပာယ်ထွက်ပါတယ်။

https://s9.kh1.co/__image/w=480,h=640,q=100/51/513554723f1abdec896a6da72ef760771d36e838.jpg

ဇာတ်လမ်းတစ်ပုဒ်အရ Tu'i Malila ဟာ 1777 ခုနှစ် ဇူလိုင်လမှာ Tonga ကိုသွားရောက်လည်ပတ်စဉ် Captain Cook မှ တော်၀င်မိသားစုကို ပေးခဲ့တဲ့ လိပ်နှစ်ကောင်ထဲက တစ်ကောင်ဖြစ်ပါတယ်။ အခြားလိပ်တစ်ကောင်ဟာ Cook လာရောက်လည်ပတ်ပြီး မကြာမီမှာပဲသေဆုံးသွားတယ်လို့ သိရပါတယ်။ လိပ်ဟာ Cook အဖွဲ့သားတစ်ဦးရဲ့ လက်ဆောင်ဖြစ်နိုင်တယ်လို့ ပြောကြပေမယ့်လည်း Cook ဟာ သူ့ရဲ့မှတ်တမ်းထဲမှာ အဖြစ်အပျက်အကြောင်း မဖော်ပြထားတာကြောင့် ဒီဇာတ်လမ်းကို အတည်လို့ မသတ်မှတ်ထားကြပါဘူး။

https://s9.kh1.co/__image/w=400,h=267,q=100/5b/5b2d8a37903775dea22b56c41b44d321a3517f18.jpg

အခြားသတင်းရင်းမြစ်များအရ George Tupou I ဟာ 19 ရာစုရဲ့ ပထမတစ်ဝက်မှာ Ha'apai လို့ခေါ်တဲ့ သင်္ဘောကနေ လိပ်မကြီးကိုရရှိခဲ့တာပါတဲ့။ လိပ်ကို Malila လို့ခေါ်တဲ့ ခြံဝင်းတစ်ခုမှာ ထားရှိရာ Muʻa ကို ခေါ်ဆောင်သွားခဲ့ပြီး သူ့ရဲ့အမည်ကို ရယူခဲ့ပါတယ်။ 1921 ခုနှစ်လောက်မှာ Sālote Tupou III ဟာ လိပ်ကို တော်ဝင်နန်းတော်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ မြင်းတစ်ကောင်ကြောင့် လိပ်ဟာ ဘယ်ဘက်မျက်စိကွယ်ကာ ညာလက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပေမယ့်လည်း လိပ်ဟာ သူ့ရဲ့ အသက်ကို ဆက်လက် ရှင်သန်စေခဲ့ပါတယ်။

https://s9.kh1.co/__image/w=480,h=384,q=100/aa/aa7455f17180a93df4806bb97ae7d4fc4c8d673b.jpg

၁၉၅၃ ခုနှစ်မှာ Queen Elizabeth II ရဲ့ Tonga တော်ဝင်ခရီးစဉ်အတွင်း Tu'i Malila ဟာ ကျွန်းနိုင်ငံဆီ သူမရဲ့လည်ပတ်မှုမှာ ဘုရင်ကို ပထမဆုံးပြသခဲ့တဲ့ တိရစ္ဆာန်တွေထဲက တစ်ကောင်ဖြစ်ပါတယ်။ လိပ်မကြီးဟာ ၁၉၆၆ ခုနှစ် မေလ ၁၆ မှာသေဆုံးခဲ့ပြီး သူမကို ၁၇၇၇ တုန်းက မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/d8/d8ecea73ea0f17b375db5ed757576e4e39fe5e76.jpg

သတင်း အရင်းအမြစ်Wikipedia

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T