အထူးခြားဆုံး အရပ်ကွဲပြားမှုစံချိန်သစ်ကို ချိုးဖျက်ခဲ့တဲ့ ဇနီးမောင်နှံ

//s9.kh1.co/50/50bbe5713fd085290a15c853e98db7b1ca05bae5.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-အောက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

အထူးခြားဆုံး အရပ်ကွဲပြားမှုစံချိန်သစ်ကို ချိုးဖျက်ခဲ့တဲ့ ဇနီးမောင်နှံ


James နှင့် Chloe Lusted တို့ ဇနီးမောင်နှံနှစ်ဦးက ၂၀၁၆ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာပါ။ လက်ထပ်ပြီးတဲ့ ‌နောက်ပိုင်းမှာတော့ နေရာသစ်မှာ မိသားစုဘဝကို တည်ဆောက်ဖို့အတွက် မွေးရပ်မြေကနေ ယူကေကို ပြောင်းရွှေ့ပြီး အခြေချနေထိုင်ခဲ့ကြပါတယ်။

Photo Credit -  Guinness World Records
Photo Credit -  Guinness World Records

အံ့သြစရာကတော့ James ရဲ့ အရပ်ဟာ ၁၀၉.၃ စင်တီမီတာ ( ၃ ပေ ၇ လက်မ) ပဲရှိပြီး သူ့ရဲ့ ဇနီးဖြစ်သူ Chloe ဟာ ၁၆၆.၁ စင်တီမီတာ ( ၅ ပေ ၄ လက်မ) ရှိလို့ သူတို့နှစ်ဦးကြားမှာ ၅၆.၈ စင်တီမီတာ ၂ ပေနီးပါးလောက် ကွာခြားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာတော့ သူတို့ ဇနီးမောင်နှံ နှစ်ဦးဟာ အထူးခြားဆုံး အရပ်ကွဲပြားမှုစံချိန်ကို ချိုးဖျက်ခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ဝင်ခဲ့ကြပါတယ်။

Photo Credit -  Guinness World Records
Photo Credit - Guinness World Records
Photo Credit -  Guinness World Records
Photo Credit - Guinness World Records

James ဟာ အရပ် ၃ ပေ ၇ လက်မသာ ရှိတာကြောင့် တစ်ခါတစ်လေ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ James ဟာ သရုပ်ဆောင်နှင့် တီဗီတင်ဆက်သူအဖြစ် လုပ်ကိုင်နေပြီး ဇနီးဖြစ်သူ Chloe ကတော့ ကျောင်းဆရာမတစ်ဦးအဖြစ် လုပ်ကိုင်နေပါတယ်။ ဒါ့အပြင် သူတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ အိမ်ထောင်သက် ၅ နှစ်အတွင်းမှာ Olivia အမည်ရှိ ၃ နှစ်အရွယ်သမီးတစ်ဦးလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit -  Guinness World Records
Photo Credit - Guinness World Records

သတင်း အရင်းအမြစ်Source - Guinness World Records


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T