YouTube Channel ထောင်ပြီး ကိုယ်တိုင်ရိုက်ပထမဆုံး vlog လေးကိုတင်ခဲ့တဲ့ Suzy..

//s9.kh1.co/41/411dea051287d77de8896433411af4888c409c87.jpg
အနုပညာရှင်များ

 ၀၅-အောက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ဗီဒီယိုရိုက်ပေးနေတဲ့ သူကဆူဇီကိုဒီနေ့တော်တော်..

ပုရိသတွေအသဲစွဲ ချစ်စရာမင်းသမီးလေး Bae Suzy ကတော့သူ့ရဲ့ကိုယ်ပိုင် YouTube Channel လေးတစ်ခုကိုဖွင့်ပြီး ဗီဒီယိုတစ်ခုကိုတင်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုကတော့ Travel Vlog လို့နာမည်တပ်ထားတဲ့ ၃ မိနစ်ကြာတဲ့ ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=610,h=343,q=100/b6/b664b969815bfa02a340ec940bc490b23ee04118.png

ဗီဒီယိုထဲမှာ Suzy ကို ဆွီဒင်နိုင်ငံ Malmö မြို့ကိုသွားနေတဲ့ ရထားပေါ်မှာတွေ့ရပြီး သူ့ရဲ့တမူထူးပြီး လှပနေတဲ့ပုံနဲ့ pose အမျိုးမျိုးပေးနေတာတွေ့ရပါတယ်။ ဗီဒီယိုရိုက်ပေးနေတဲ့ သူကဆူဇီကိုဒီနေ့တော်တော်ပိန်နေပါလားလို့ ပြောတဲ့အခါသူက တကယ်လားလို့မေးပြီး ဖုန်းကိုကြည့်လိုက်တာလေးက အားလုံးကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=358,q=100/a1/a103c325281f2adeac2da44fabb4e6c82ba53b66.png

ရထားပေါ်ကဆင်းတဲ့အခါ  ဆူဇီကဈေးဘက်ကို လွတ်လွတ်လပ်လပ်နဲ့ လျှောက်သွားနေပုံကလည်း ချစ်စရာကောင်းနေပြီး အခုလိုမင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်တွေမပါပဲ ဆူဇီကိုတွေ့ရတာချစ်စရာကောင်းတာတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=359,q=100/db/dbbe9419b8f3180a65f7447628d0b3143e9440d8.png

ဆူဇီရဲ့ vlog အပြည့်အစုံကိုတော့ အောက်က YouTube Video မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Photos-credit

Source: Allkpop

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T