Comeback ရုပ်ရှင်ကို ပိုက်ဆံတစ်ပြားမှမယူဘဲ ရိုက်ကူးပေးသွားမယ့် ဆောင်းဂျွန်ကီ..

//s9.kh1.co/31/31b97be89ef5d3ecd49f6fbb7603436f007b6d01.jpg
အနုပညာရှင်များ

 ၀၅-အောက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အဖွဲ့အစည်းတစ်ခုရဲ့ အလယ်အလတ်တန်း သူဌေး တစ်ယောက်နဲ့ ဆက်သွယ်ပြီး..

မကြာခင်ကမှ APAN ဆုပေးပွဲကြီးမှာ အထူးဆုကြီးကိုရရှိခဲ့တဲ့ နာမည်ကြီးမင်းသား ဆောင်းဂျွန်ကီဟာဆိုရင် comeback ရုပ်ရှင်တစ်ခုနဲ့ ပရိသတ်ရှေ့ပြန်ရောက်လာတော့မယ်လို့ သိရပါတယ်။ ဆောင်းဂျွန်ကီဟာ ‘Hwaran’ လို့နာမည်ပေးထားတဲ့ ဖြူမဲရုပ်ရှင်တစ်ခုကိုရိုက်ကူးဖို့စီစဥ်နေပြီး အဲ့ဒီရုပ်ရှင်ဟာဆိုရင် ဆိုးရွားလွန်းတဲ့ဘဝကလွန်မြောက်ချင်တဲ့ လူငယ်လေးအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=436,q=100/6c/6cf69ae9ffb33f23bfeadb2e4a5972dc9614a46b.png

အဲ့ဒီလူငယ်လေးဟာ Chi Gun လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အလယ်အလတ်တန်း သူဌေး တစ်ယောက်နဲ့ ဆက်သွယ်ပြီးအန္တရာယ်ရှိတဲ့ လောကထဲရောက်သွားမှာဖြစ်ပြီး အဲ့ဒီသူဌေးနေရာမှာ ဆောင်းဂျွန်ကီကပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လူငယ်လေးနေရာကိုတော့ လူသစ်သရုပ်ဆောင် Hang Sa Bin ကသရုပ်ဆောင်သွားမှာဖြစ်ပြီး နာမည်ကြီး idol တစ်ဦးဖြစ်တဲ့ Bibi လည်းပါဝင်သွားမယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=315,q=100/96/965dc9debee64bc22cddd8feda279be91e432917.png

အထူးဆန်းဆုံးအချက်ကတော့ ဆောင်းဂျွန်ကီဟာအခုလိုမျိုး ဈေးပေါပေါနဲ့ရိုက်မယ့်ဇာတ်ကားတွေမှာပါဝင်လေ့မရှိပေမယ့် ဒီဇာတ်ကားမှာတော့ ပိုက်ဆံတောင်တပြားမှမယူပဲ အခမဲ့ပါဝင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေကတော့ အခုကိစ္စနဲ့ပတ်သက်ပြီး ထူးဆန်းနေကြပေမယ့် ဆောင်းဂျွန်ကီကတော့ ဒီဇာတ်ကားဟာသူ့အတွက် စိန်ခေါ်မှုအသစ်တွေယူလာပေးတဲ့ ဇာတ်ကားဖြစ်ပြီး အကောင်းဆုံးကြိုးစားရိုက်ကူးသွားပါမယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=560,h=373,q=100/f0/f0606385b7b7f93bba76e9a09540c5fd44d16e1a.png

ပရိသတ်တွေကတော့ Vincenzo မှာမာဖီးယားနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့ ဆောင်းဂျွန်ကီကိုတော့ အခုဇာတ်ကားမှာလည်း ခပ်မိုက်မိုက်ပုံနဲ့ ထပ်ပြီးမြင်ရဖို့ မျှော်လင့်နေကြပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T