ကိုယ်ထိလက်ရောက်ညှင်းပန်းနှိပ်စက်မှုဖြင့် ဘရက်ပစ် ကို တရားစွဲလိုက်တဲ့ အိန်ဂျလီနာဂျိုလီ

//s9.kh1.co/03/03967cb7d5ae20c15b31ec7e79d9a39b3993fbc5.jpg
အနုပညာရှင်များ

 ၀၅-အောက်-၂၀၂၂ ၈am · လွန်ခဲ့သော ၂ နှစ် က

ဘရက်ပစ် ဟာ ကလေးငယ်များကိုပါ ရိုက်နှက် ခဲ့ကာ......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကမ္ဘာ့အချစ်တတ်ဆုံးစုံတွဲအဖြစ် သတ်မှတ်ခံခဲ့ရပြီး နှစ်ဦးစလုံးဟာ သရုပ်ဆောင်ပညာရပ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်လွန်းလှပါချည်ရဲ့ လို့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားရသူကတော့ ဘရက်ပစ် နဲ့ အိန်ဂျလီနာဂျိုလီပါပဲ။ ဘရက်ပစ် နဲ့ အိန်ဂျလီနာဂျိုလီ တို့ဟာ (၂၀၁၉)ခုနှစ်တည်းက ကွာရှင်းခဲ့ပြီး သူတို့နှစ်ဦး ကွာရှင်းမှုအပေါ် ပရိသတ်တွေက နှမြောတသဖြစ်ခဲ့ကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

လက်ရှိမှာတော့ အိန်ဂျလီနာဂျိုလီ ဟာ ခင်ပွန်းဟောင်းဖြစ်သူ ဘရက်ပစ် ကို တရားစွဲဆိုလာခဲ့ပါတယ်။ အိန်ဂျလီနာဂျိုလီ ရဲ့ အဆိုအရ ဘရက်ပစ် ဟာ (၂၀၁၆)ခုနှစ်က သူမ နဲ့ ကလေးများကို လေယာဉ်ပေါ်မှာ ညှင်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်များဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဂျိုလီ ရဲ့ ဖော်ပြချက်အရ ဘရက်ပစ် က သူမရဲ့ ခေါင်းကို ဖမ်းကိုင်ပြီး ယမ်းခါခဲ့ပြီး သူမရဲ့ ကလေးတစ်ဦးကိုလည်း လည်ပင်းညှစ်ကာ မျက်နှာကို ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

တိုင်ကြားခံရပြီးနောက် မကြာမီမှာပဲ ဘရက်ပစ် ဟာ စုံစမ်းစစ်ဆေးခံနေရပြီး အခုဖြစ်စဉ်ဟာ အရက်သောက်သုံးမှုနှင့် ဆက်နွယ်နေနိုင်သည်ဟု ကောလာဟလများနှင့် အစီရင်ခံစာများ ထွက်ပေါ်လာခဲ့ပါတယ်။ ယခုဖြစ်စဉ်ဖြစ်ပေါ်ခဲ့တာဟာ သီးသန့်လေယာဉ်ပေါ်မှာဖြစ်တဲ့အတွက် FBI မှ စီရင်ပိုင်ခွင့်ရှိပြီး လေယာဉ်ပေါ်တွင် ဖြစ်ပျက်ခဲ့သမျှကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T