ကမ္ဘာ့ဖလားဖွင့်ပွဲကြီးမှာ ကွင်းထဲဖျော်ဖြေသွားမယ်လို့ သတင်းတွေထွက်နေ..

//s9.kh1.co/e2/e274486e90f2961b4df00c7b9f4b1e5b20836333.jpg
အနုပညာရှင်များ

 ၀၄-အောက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

ကာတာမှာကျင်းပမယ့် ဖွင့်ပွဲအတွင်း လူပေါင်း ၆ သောင်းကျော်ရဲ့ရှေ့မှာ..

လတ်တလောသတင်းရင်းမြစ်မျိုးစုံက ထွက်လာတဲ့သတင်းတွေအရ BTS အဖွဲ့ဟာ ကာတာမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကြးမှာ ကွင်းအတွင်းဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ မက္ကဆီကိုမီဒီယာတစ်ခုရဲ့အဆိုအရ BTS အဖွဲ့ဟာ ကာတာမှာကျင်းပမယ့် ဖွင့်ပွဲအတွင်း လူပေါင်း ၆ သောင်းကျော်ရဲ့ရှေ့မှာ ဖျော်ဖြေသွားမှာပါ။

https://s9.kh1.co/__image/w=650,h=387,q=100/6d/6d267f1beb54fd2de8984a68ac1da1fa3aeb240b.png

BTS ဟာကမ္ဘာအကြီးဆုံးနဲ့ fans အများဆုံး kpop အဖွဲ့ဖြစ်ပြီး FIFA ကမ္ဘာ့ဖလားဟာဆိုရင်လည်း ဘောလုံးလောကမှာအကြီးဆုံး event  ကြီးဖြစ်တဲ့အတွက် သူတို့နှစ်ခုရဲ့ပေါင်းစပ်မှုဟာ တစ်ကမ္ဘာလုံးကစောင့်ကြည့်ရမယ့် ပွဲတစ်ခုဖြစ်စေလိမ့်မယ်လို အဲ့ဒီမီဒီယာကပြောပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/54/5496bbe7db9894b82c0ccf77f4a6293e97f9d6f2.png

၂၀၂၂ ကမ္ဘာ့ဖလားရဲ့ဖွင့်ပွဲအခမ်းအနားကြီးကိုတော့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကာတာနိုင်ငံ Al Bayt Stadium ကွင်းကြီးမှာကျင်းပသွားမှာဖြစ်ပါတယ်။ BTS အဖွဲ့ကတော့ Goul of the Century လို့ခေါ်တဲ့ Hyundai Motors ရဲ့ FiFa အတွက် Sponsor အစီအစဥ်မှာ ambassador အဖြစ်လှုပ်ရှားနေပါတယ်။

https://s9.kh1.co/__image/w=640,h=420,q=100/94/94109e6f941e751b29549a058108775b55cceedf.png

အင်တာနက်နဲ့ လူမှုကွန်ယက်တွေပေါ်မှာတော့ BTS အဖွဲ့ရဲ့ ကမ္ဘာဖလားမှာဖျော်ဖြေမယ့်ကိစ္စဟာ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။

Photos-credit

Source; Allkpop

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T