Jennie ရဲ့ပုံတွေနဲ့ပတ်သတ်ပြီး ရဲတိုင်၊ အမှုဖွင့်လိုက်ပြီဖြစ်တဲ့ YG..

//s9.kh1.co/56/5663a627ed0ea9e1a8667bdc4902e2244f8fabc0.jpg
အနုပညာရှင်များ

 ၀၄-အောက်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

"YG အနေနဲ့ Jennie ရဲ့ကိစ္စအခြေအနေကို စောင့်ကြည့်‌နေခဲ့တာကြာပြီဖြစ်ကြောင်းနဲ့ ပြဿနာတွေပိုပြီး..

လနဲ့ချီပြီး BlackPink အဖွဲ့ဝင် Jennie ရဲ့ကောလဟာလတွေထွက်ပေါ်ပြီးတဲ့နောက်မှာတော့ YG Entertainment ကဥပဒေအရအရေးယူဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီလို့ သိရပါတယ်။ မနေ့က YG Entertainment က ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ထဲမှာ

https://s9.kh1.co/__image/w=640,h=835,q=100/42/4284df716009f84787962598cc98d1ae53994f5b.png

" YG အနေနဲ့ Jennie ရဲ့ပုံတွေကိုဖြန့်နေသူကို အရေးယူပေးဖို့ ရဲတပ်ဖွဲ့ထံတိုင်ကြားလိုက်ပြီဖြစ်ကြောင်း အသိပေးပါရစေ" လို့စထားကာ "YG အနေနဲ့ Jennie ရဲ့ကိစ္စအခြေအနေကို စောင့်ကြည့်‌နေခဲ့တာကြာပြီဖြစ်ကြောင်းနဲ့ ပြဿနာတွေပိုပြီးဆိုးရွားလာမှာစိုးတဲ့အတွက် နှုတ်ဆိတ်နေခဲ့ကြောင်း" ပြောထားပါတယ်။

https://s9.kh1.co/__image/w=650,h=406,q=100/50/501acf1f0b159cc05136a41141793d1272dee93d.png

"ဒါပေမယ့် လက်တလောထွက်လာတဲ့ပုံတွေဟာ ကောလဟာလအဆင့်ကိုကျော်လွန်ပြီး အမုန်းတရားနဲ့ Personal attack လုပ်တာ၊ စွပ်စွဲတာ၊ ကိုယ်ရေးကိုယ်တာကိုဝင်ရောက်စွပ်ဖက်တာတွေအပြင် လိင်ပိုင်းဆိုင်ရာအရပါထိပါးနှောင့်ယှက်လာတဲ့အတွက် ဒီအခြေအနေတွေကိုဆက်ပြီးမကြည့်နိုင်တော့ပဲ တာဝန်အရအခုလိုဆောင်ရွက်ရတာဖြစ်ပါတယ်၊ လက်ရှိမှာတော့အချက်အလက်တွေစုဆောင်းကာ ဆက်သွယ်ရေးပုဒ်မ၊ သတင်းအမှားဖြန့်ဝေမှု၊ အသရေဖျက်မှုတွေနဲ့ အမှုဖွင့်ထားပြီး ရှေ့ဆက်လည်းလုပ်နိုင်သမျှ ဥပဒေကြောင်းအရအရေးယူမှုအားလုံး လုပ်ဆောင်သွားပါမယ်။

https://s9.kh1.co/__image/w=650,h=684,q=100/e3/e31409301cc44bad223ec02e8395ebe45954418e.png

idol တွေရဲ့လုံခြုံမှုနဲ့ ဂုဏ်သက္ခာဟာ YG အတွက်ဦးစားပေးဖြစ်ပြီး ရှေ့လျှောက်လည်း idol တွေကိုတက်နိုင်သလောက် ကာကွယ်ပေးသွားပါမယ်" ဆိုပြီးထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ ပရိသတ်တွေကတော့ YG အနေနဲ့အခုလိုလုပ်သင့်တာ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းကဖြစ်ပြီး ရှေ့ဆက်လည်းနှုတ်ဆိတ်မနေဖို့ တောင်းဆိုထားပါတယ်။

Photos- credit

Source: Allkpop

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T