Lee Jong Suk ပြောဖူးတဲ့ သူတွဲချင်တဲ့ကောင်မလေးပုံစံနဲ့ အိမ်ထောင်မပြုခင်လုပ်ချင်တဲ့အရာတွေ..

//s9.kh1.co/33/33d16f45ccfb489ac17fcf00284685872b557a98.jpg
အနုပညာရှင်များ

 ၀၃-အောက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

ကောင်းမွန်တဲ့မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတဲ့ကျနော့်အိပ်မက်မှ..

တောင်ကိုရီးယားရဲ့ နာမည်ကြီးမင်းသားဖြစ်တဲ့ Lee Jong Suk ဟာမဂ္ဂဇင်းတစ်ခုရဲ့ "Ask Me Anything" ကဏ္ဍာမှာအင်တာဗျူးဖြေရင်း သူရဲ့အနာဂတ်ဇနီးလောင်း‌ရဲ့အကြောင်းနဲ့ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/54/54744817902fc47216c19ffab3f83be18c5d6b60.png

ကိုယ်ပိုင်မိသားစုဘဝလေးတစ်ခုကိုပိုင်ဆိုင်ချင်တဲ့ Lee Jong Suk ကို သူအ‌နားယူဖြစ်ရင်ဘာလုပ်မလဲလို့ မေးကြည့်တဲ့အခါ Lee Jung Suk ကသူ့အနေနဲ့ "ယောကျာ်းလုပ်နည်းသင်တန်း(သတို့သားလောင်းသင်တန်း)" တက်ချင်ပါတယ်လို့ ဖြေခဲ့ပြီးဘာလို့လဲလို့ဆက်မေးတဲ့အခါ

https://s9.kh1.co/__image/w=650,h=488,q=100/ea/ea91e4af17df39cbcdd39d5a26a09b6b49ca749b.png

" ကျနော်အသက်ကငယ်တော့တဲ့ အရွယ်လည်းမဟုတ်တော့ လက်ထပ်ဖို့အတွက်ကြိုပြီးပြင်ထားချင်ပါတယ်။ ကောင်းမွန်တဲ့မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတဲ့ကျနော့်အိပ်မက်မှာ ကျနော့်ဇနီးလောင်းအတွက် ဟင်းချက်နီးတွေသင်ချင်ပြီး တန်ဖိုးရှိတဲ့သင်ခန်းစားတွေကိုလည်း လေ့လာချင်ပါတယ်၊ ဒါမှ သူ့ကိုဂရုစိုက်ပေးနိုင်မှာပါ" လို့ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=430,q=100/36/36687bc7a687894a7e7daae92db036ec4982567d.jpg

ပြီးတော့သူတွဲချင်တဲ့ကောင်မလေးအကြောင်းနဲ့ ပတ်သက်ပြီးမေးတဲ့အခါ "ညဏ်ကောင်းပြီး၊ စိတ်အားထက်သန်တဲ့သူမျိုး၊ ချစ်ဖို့ကောင်းတဲ့သူမျိုး" ကကျနော့်ရဲ့ ပုံစံဖြစ်ပြီး ကျနော်လေးစားရတဲ့သူမျိုးကိုပဲ ရွေးချယ်မှာပါ၊ ဒါပေမယ့်ကျနော့်ရဲ့ သတ်မှတ်ချက်တွေကအရမ်းများတော့ အဲ့လိုလူမျိုးရှိပါ့မလားပဲ" ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=441,q=100/6f/6f91240c82812ffa7bf38c470a8a466016b05062.jpg

Lee Jong Suk ရဲ့ fans တွေကတော့ Lee Jong Suk ရဲ့ type ကိုသိလိုက်ရတဲ့အတွက် ဝမ်းသာနေကြပြီး Lee Jong Suk လေးရဲ့ ဂရုစိုက်တာခံရမယ့်ကောင်မလေးဖြစ်ချင်နေကြပါတယ်။

Photos-credit

Source; indiatimes

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T