အခွန်ရှောင်မှုဖြင့် တရားစွဲဆိုခံထားရတဲ့ အဆိုတော် ရှကီရာ

//s9.kh1.co/63/633a1976329fd34155aee242aa4318e121d98110.jpg
အနုပညာရှင်များ

 ၀၃-အောက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

စပိန်နိုင်ငံ မှာ အဆိုတော် ရှကီရာ ကို အခွန်ရှောင်မှု​ဖြင့် တရားစွဲဆိုထား........ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

သိပ်လှတဲ့ အမိုက်စား ခန္ဓာကိုယ် နဲ့ နာမည်ကျော်ကြားသူ ၊ အမိုက်စား အသံကာလာနဲ့ ကမ္ဘာကျော် ကိုလံဘီယာ ပေါ့ပ်စတား ဖြစ်တဲ့ ရှကီရာ ဟာ လတ်တလော စပိန်နိုင်ငံ မှာ တရားစွဲဆိုခံထားရတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာများဖော်ပြချက်အရ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဂီတအကျော်အမော် အဆိုတော်ရှကီရာ ဟာ စပိန်နိုင်ငံ မှာ အခွန်ရှောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လတ်တလောမှာ တရားစွဲဆိုခံထားရတာဖြစ်တယ်လို့ သိရပါတယ်။ စပိန်နိုင်ငံ အစိုးရရှေ့နေများဟာ ရှကီရာ အား ဝင်ငွေခွန် ယူရို (၁၄.၅) သန်းပေးဆောင်ရန် ပျက်ကွက်မှုဖြင့် အခွန်လိမ်လည်မှု (၆)​မှုဖြင့် တရားစွဲဆိုထားတာဖြစ်တယ်လို့လည်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရှကီရာ ဟာ မကြာသေးမီကာလတစ်ခုက စပိန်နိုင်ငံမှာဖြစ်ပေါ်လာတဲ့ ဒေါ်လာသန်းပေါင်းများစွာ အခွန်ရှောင်မှုတွေထဲကမှ အမှုတစ်ခုမှာ ပါဝင်လာခဲ့တာဖြစ်ပြီး သူမအနေနဲ့ ဝင်ငွေခွန် ယူရို (၁၄.၅) သန်း ပေးဆောင်ရန် ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ သူမကို ရှေ့နေတွေက ထောင်ဒဏ် ရှစ်နှစ် နှင့် ဒဏ်ငွေ ယူရို (၂၃) သန်းကျော် ချမှတ်ရန် ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရှပီရာဟာ အဆိုပါ စွပ်စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး ရှကီရာ ရဲ့ ရှေ့နေတွေကလည်း သူတို့တောင်းဆိုနေတဲ့ စပိန်ဘဏ္ဍာရေးဌာနနှင့်အခွန်အကြွေးများမရှိကြောင်း ၊ ယူရို (၁၄.၅) သန်းကိုပြန်ဆပ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ရှကီရာ ကို ဘာစီလိုနာမြို့အနီးရှိ မြူနီစပယ် ရုံးတစ်ရုံးမှာ တရားသူကြီးတစ်ဦးသည် ရုံးတင်စစ်ဆေးရန် အတည်ပြုခဲ့သော်လည်း နေ့ရက်ကို မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။ ရှကီရာ ရဲ့ရှေ့နေတွေကလည်း လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ရှကီရာ ဘက်မှ ခုခံချေပချက်ထုတ်ပြန်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။ ရှကီရာဟာ စပိန်အစိုးရအား (၂၀၁၂) ခုနှစ် နဲ့ (၂၀၁၄) ခုနှစ်ကြားတွင် ဝင်ငွေခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံထားရပေမယ့်လည်း ထိုအချိန်က ရှကီရာ ဟာ စပိန်နိုင်ငံ မှာ နေထိုင်ခြင်းမရှိတဲ့ ကာလဖြစ်တယ်လို့ သိရတာကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့အတော်လေးစိတ်ဝင်စားစရာဖြစ်နေပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T