ဒေးဗစ်ဘက်ခမ်း နဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ ကွာရှင်းကြတော့မှာလား?

//s9.kh1.co/d5/d58170167a78e452f5557ff99650f30ea3397e7b.jpg
အနုပညာရှင်များ

 ၃၀-စက်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ဗစ်တိုးရီးယားဘက်ခမ်း က ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခမ်း ရဲ့ နာမည်တက်တူးကို ဖျက်လိုက်တာကြောင့်........ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဒေးဗစ်ဘက်ခမ်း ဟာ ဖရီးကစ်ကန်ချက်တွေကြောင့် ဘောလုံးအားကစားပရိသတ်များအကြားနာမည်ကျော်ကြားရုံသာမက ဖက်ရှင်ကျကျဝတ်စားဆင်ယင်မှုကြောင့် ရေပန်းစားအောင်မြင်တာဖြစ်ပြီး သူ့ရဲ့အိမ်ထောင်ရေးဟာလည်း တစ်ကမ္ဘာလုံးက အားကျရတဲ့အထိကို အောင်မြင်နေတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သို့ပေမယ့် လတ်တလောမှာ ဒေးဗစ်ဘက်ခမ်းရဲ့ အမျိုးသမီးဖြစ်သူ ဗစ်တိုးရီးယားဘက်ခမ်း ရဲ့ လက်က တက်တူးတစ်ခုကြောင့် ပရိသတ်တွေအကြား သို့လောသို့လောမေးခွန်းတွေပြောစရာဖြစ်လာပါပြီ။ ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်သလို နာမည်ကြီးဖက်ရှင်ဒီဇိုင်နာဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်းက သူမရဲ့ လက်ကောက်ဝတ်မှာ ထိုးထားတဲ့ ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခမ်းရဲ့ အတိုကောက်စာလုံး တက်တူးဖျက်လိုက်တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဲ့တက်တူးဖျက်လိုက်တာကို တွေ့လိုက်ကြရတဲ့အတွက် ပရိသတ်တွေအားလုံးက အတော်လေး အံ့အားသင့်နေခဲ့ကြပါတယ်။ ဗစ်တိုးရီးယားဘက်ခမ်း ဟာ သူမရဲ့ နှုတ်ခမ်းနီအသစ်အတွက် အရောင်စမ်းသပ်ဖို့ လက်ကောက်ဝတ်မှာ စမ်းပြီး ပြသတဲ့ ဗွီဒီယိုဖိုင်ကို အင်စတာဂရမ်ပေါ် တင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဗီဒီယိုမှာ ဗစ်တိုးရီးယား ဟာ ဒေးဗစ်ဘက်ခမ်းတက်တူးကိုဖျက်ထားခဲ့တာကြောင့် လတ်တလောမှာ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့ပြီး အဲ့ကောလဟာလတွေကအမှန်ဖြစ်လာမလားဆိုတာကတော့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကိစ္စပါပဲ။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T