နာမည်ကြီးဒရမ်မာထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ Jungkook ရဲ့နာမည်ကိုဖော်ပြခံရ..

//s9.kh1.co/52/52f526eab49fba54bdf2d5f720a8175f08241669.jpg
အနုပညာရှင်များ

 ၂၆-စက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

Jungkook ရဲ့ဒရမ်မာတွေကို ကြိုက်နှစ်သက်မှုကြောင့်..

BTS အဖွဲ့ဝင်ဖြစ်တဲ့ Jungkook ဟာဆိုရင်အဖွဲ့ထဲမှာ အသက်အငယ်ဆုံးဖြစ်ပေမယ့်လည်း အအောင်မြင်ဆုံးဖြစ်ပါတယ်။ အခုဆိုရင်လည်း Jungkook ရဲ့နာမည်ဟာကိုရီးယားဒရမ်မာတွေတော်တော်များများမှာ ပါဝင်လျက်ရှိနေပြီး ဒါဟာ Jungkook ရဲ့ဒရမ်မာတွေကို ကြိုက်နှစ်သက်မှုကြောင့်ဖြစ်နိုင်ပါတယ်။ Jungkook ရဲ့နာမည်ဟာဆိုရင် ကိုရီးယားဒရမ်မာတွေ၊ ကောမစ်တွေ, Netflix နဲ့ Disney စီးရီးတွေမှာပါဝင်လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=564,h=1002,q=100/7e/7e0e7c56c479af923d11b467f02b31507bd16017.png

မကြာမီကမှထွက်လာတဲ့ KBS ရဲ့ဒရမ်မာအသစ် ‘Three Bold Siblings” မှာ Jungkook ကိုပူပူနွေးနွေးဖော်ပြခံခဲ့ရပါတယ်။ ဒရမ်မာထဲမှာ Jungkook နာမည်ကိုကိုမင်းသမီးရဲ့သူငယ်ချင်းဖြစ်သူက မင်းသမီးနဲ့အတူလှေကားအဆင်းလမ်းလျှောက်နေရင်းနဲ့ ဇိမ်ခံကားကြီးကိုတွေ့တဲ့အခါ သူက အထဲမှာဘယ်သူဖြစ်မလဲလို့ မေးတဲ့အခါ Jungkook ဖြစ်ဖို့မျှော်လင့်ရတာပဲလို့ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=394,q=100/d8/d8a1de80b43e4b4fd857553c2d2fb7f4c5bb474c.png

မကြာသေးမီကလည်း Jungkook ကိုနာမည်ကြီး kdrama “Business Proposal” မှာဖော်ပြခံခဲ့ရပြီး သူ့ရဲ့ဆွဲဆောင်နိုင်မှုက ကိုရီးယားမှာသူ့ရဲ့‌ အောင်မြင်မှုကိုသက်သေပြလျက်ရှိနေပါတယ်။

ဒရမ်မာတွေမှာ Jungkook နာမည်ပါတာကိုကြားရတဲ့ သူ့ပရိသတ်တွေကတော့ Jungkook လေးအတွက်ဂုဏ်ယူမဆုံးဖြစ်နေကြပြီး သူ့ရဲ့အောင်မြင်မှုအတွက် ချီးကျူးနေကြပါတယ်။

Photos-credit

Source: Allkpop

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T