ပြည့်တန်ဆာအမှုနဲ့ဖမ်းခံရပြီးနောက် ပထမဆုံးအကြိမ်လူရှေ့ပြန်ထွက်လာတဲ့ Li Yifeng..

//s9.kh1.co/d3/d3aa781fb615c8965bec13b0f3598598129aa7c6.jpg
အနုပညာရှင်များ

 ၂၆-စက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ကိုယ့်ကိုယ့်ကို ယုံကြည်ချက်ကင်းမဲ့နေပုံရပြီး မီဒီယာတွေနဲ့ ပရိသတ်တွေကိုလည်း..

တရုတ်နိုင်ငံရဲ့ နာမည်ကြီးမင်းသားဖြစ်တဲ့ Li Yifeng ဟာဆိုရင်ပြည့်တန်ဆာအမှုနဲ့ ၁၅ ရက်ကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးတဲ့နောက် ပြန်လည်လွတ်မြောက်လာပြီး လူမြင်ကွင်းရှေ့မှာပြန်တွေ့ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/9c/9cd86350fb38af9ed35f0901864d7637eea58c71.png

မီဒီယာတွေရဲ့တင်ပြချက်အရ Li Yifeng ဟာ ဖမ်းဆီးခံရပြီးနောက် ပထမဆုံးအကြိမ်လူမြင်ကွင်းရှေ့ထွက်ပေါ်လာချိန်မှာ ကိုယ့်ကိုယ့်ကို ယုံကြည်ချက်ကင်းမဲ့နေပုံရပြီး မီဒီယာတွေနဲ့ ပရိသတ်တွေကိုလည်း မဆက်ဆံပဲရှောင်သွားခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a3/a3b7676c713db9425b1d0ed1e74e3c1205600712.png

သူ့ရဲ့အေဂျင်စီကိုလာရောက်ခဲ့တဲ့ Li Yifeng ဟာဆိုရင်ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကစလို့ဖမ်းဆီးခံခဲ့ရကာ ပြည့်တန်ဆာအရှုပ်တော်ပုံနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး ဂုဏ်သက္ခာအကြီးအကျယ်ကျဆင်းခဲ့ရပါတယ်။ Li Yifeng ဖမ်းဆီးခံရပြီးတဲ့နောက်မှာတော့ သူပါဝင်တဲ့အနုပညာလှုပ်ရှားမှုတွေအားလုံးကို ရုပ်သံဌာနတွေကဖျက်ချခဲ့ပြီး Li Yifeng နဲ့တွဲလုပ်နေတဲ့ အမှတ်တံဆိပ်တွေကလည်း သူနဲ့တွဲလုပ်တာတွေကို ရပ်ဆိုင်းကြောင်းကြေညာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=560,q=100/e5/e55eb92ffc8739b51bd4eeb448423d76761b87eb.png
https://s9.kh1.co/__image/w=650,h=621,q=100/43/4393091d4f8d6ae38250951116afbd722438022e.png

Li Yifeng ဟာဆိုရင်သရုပ်ဆောင်ထူးချွန်တဲ့မင်းသားတစ်ယောက်ဖြစ်ပေမယ့်လည်း တရုတ်နိုင်င့ရဲ့စည်းမျဥ်းတွေအရ ကိုယ့်ကျင့်တရားပျက်ပြားတဲ့ အနုပညာရှင်တွေဟာ အမည်မည်းစာရင်းအသွင်းခံရပြီး အနုပညာလောကကနေထွက်ရဖို့ရှိနေပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T