နွားတွေဟာ သူတို့ရဲ့ တစ်သက်တာမှာ နို့ဘယ်‌လောက် ထုတ်နိုင်ကြလဲဆိုတာ သင်သိပါသလား

//s9.kh1.co/69/699400bf388fd0944dea7796472deefadd629ccb.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-စက်-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

နွားတစ်ကောင်ဟာ မိခင်မဖြစ်မချင်း နို့မထွက်ပါဘူးတဲ့.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ကယ်လီဖိုးနီးယားနွားမဟာ တစ်နှစ်ကို ပျမ်းမျှ နို့ 19,825 ပေါင် ထုတ်လုပ်ပြီး နိုင်ငံအတွင်းရှိ အခြားပြည်နယ်များထက် နို့ပိုထွက်ပါတယ်။ ဒါဟာ တစ်နှစ်ကို နို့ 2,305 ဂါလံဖြစ်ပြီး ရက်နဲ့ဆို သူမ နို့ထွက်ချိန်မှာ တစ်နေ့ကို နို့ 8 ဂါလံခန့်ထွက်တဲ့ ပမာဏဖြစ်ပါတယ်။ လူ ၁၂၈ ဦးအတွက် နေ့စဉ် နို့တစ်ခွက်သောက်ဖို့ လုံလောက်ပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/0e/0e5069f254a08cb7a7379f258e59b5b9eb7ff5bc.jpg

ပျမ်းမျှနို့စားနွားမဟာ တစ်နေ့ကို နို့ 22.5 quarts (60lbs) သို့မဟုတ် ဖန်ခွက် ၉၀ ထိထွက်ပြီး တစ်နှစ်ကို 1,500 ဂါလံ သို့မဟုတ် ခွက် ၁ သောင်းခြောက်ထောက်နဲ့ တစ်သက်တာမှာ နို့ 18,750 ဂါလံ သို့မဟုတ် ခွက် ၂ သိန်းစာကို ထုတ်လုပ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/95/9530e9b29c592e7bd2111e7fac2d11dceba65661.jpg

ပျမ်းမျှနို့စားနွားမကို အစမှအဆုံး မိနစ် ၂၀ ခန့် နို့ထုတ်ရပြီး တစ်နေ့ ၂-၃ ကြိမ် ထုတ်နိုင်ပါတယ်။ နို့စားနွားမတွေရဲ့ နို့အုံဟာ နို့ 25-50 ပေါင်အထိ ထိန်းထားနိုင်တာကြောင့် ဒါဟာ နို့စားနွားတွေအတွက် သက်သာရာရစေမယ့် အရာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/bd/bd8fadd66a8231d9b6d75b27d4d0d78364032c6c.jpg

နို့စားနွားမဟာ မိခင်မဖြစ်မချင်း နို့မထုတ်နိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ခြင်းဟာ နွားနို့ထွက်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ 9 လ (သက်တမ်းပြည့်) ပြီးရင် နွားလေးမွေးပါတယ်။ တစ်နာရီအတွင်း နွားလေးဟာ သူတို့ဖာသာ လမ်းလျှောက်နိုင်ကာ မွေးပြီး ၁၂ နာရီအကြာမှာတော့ နို့စားနွားမဟာ ပထမဆုံးအကြိမ် နို့ထွက်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/f5/f5491f9a46eabb656c907444f930a544f1fedf6a.jpg

သတင်း အရင်းအမြစ်Fun Trivia

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T