နိုင်ငံရဲ့ သမိုင်းမှာ အပြင်းထန်ဆုံးမုန်တိုင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်များ သတိပေး

//s9.kh1.co/2c/2cb935cd77695dda8dbf86a6fb2ff3d669466d4d.jpg
နေ့စဉ်သတင်းများ

 ၂၄-စက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

နိုင်ငံရဲ့ သမိုင်းမှာ အပြင်းထန်ဆုံးမုန်တိုင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်များ သတိပေး

ကနေဒါကို အားပြင်း ဟာရီကိန်း Fiona မုန်တိုင်း မကြာမီဝင်ရောက် တိုက်ခတ်မည်ဖြစ်ကြောင်း ‌နိုင်ငံတကာ မီဒီယာများက ဖော်ပြလာခဲ့ပါတယ်။ ဟာရီကိန်း Fiona ဟာ သောကြာနေ့နှောင်းပိုင်းမှာ အပူပိုင်းမုန်တိုင်းလွန်ဆိုင်ကလုန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပြင်းလေတိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လှိုင်းလုံးကြီးနိုင်ခြင်းနှင့်အတူ နိုင်ငံရဲ့ သမိုင်းမှာ ထင်ကျန်စေခဲ့မယ့် အပြင်းထန်ဆုံးမုန်တိုင် တစ်ခုဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်များက သတိပေးထားသည်။ .

Photo Credit - CBS News
Photo Credit - CBS News

ကနေဒါဟာရီကိန်းစင်တာမှ ထုတ်ပြန်ချက်မှာ မုန်တိုင်း‌အရှိန်ကြောင့် နိုဗာစကိုတီယာမှာ သောကြာနေ့ညနှောင်းပိုင်းက ပြင်းထန်တဲ့ လေပြင်းများတိုက်ခတ်ခြင်း နှင့် မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်ခဲ့ပြီး Fiona ဟာ စနေနေ့ နံနက်အစောပိုင်းမှာ Nova Scotia ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းဝင်ရောက်မယ့် လမ်းကြောင်းရှိ ကမ်းရိုးတန်းဒေသများကို အထူးသတိထားနေထိုင်ကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit - CBS News
Photo Credit - CBS News

အမေရိကန်အမျိုးသားဟာရီကိန်းစင်တာ (NHC) မှ ထုတ်ပြန်ချက်မှာ Fiona ဟာ Nova Scotia ကိုဖြတ်ပြီး စိန့် Lawrence ပင်လယ်ကွေ့ကို စနေနေ့မှာ ဝင်ရောက်သွားမှာ ဖြစ်ပြီး တနင်္ဂနွေနေ့နှောင်းပိုင်းမှာ Labrador ပင်လယ်သို့ ရောက်မှာဖြစ်ပါတယ်။ Fiona ရဲ့ အမြင့်ဆုံးလေတိုင်နှုန်းမှာ တစ်နာရီကို ၁၀၅ မိုင်နှုန်းရှိမယ်လို့ ဆိုပါတယ်။

Source - CBS News
Source - CBS News
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T