ဟောင်ကောင်ရဲတွေဆီကနေ လွတ်မြောက်ဖို့ ထိုင်းလိင်ပြောင်းအမျိုးသမီး အဆောက်အဦးပေါ်က ခုန်ချ

//s9.kh1.co/20/207134e4c226feb6938e3076d0ad7e8a43dac680.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဟောင်ကောင်ရဲတွေဆီကနေ လွတ်မြောက်ဖို့ ထိုင်းလိင်ပြောင်းအမျိုးသမီး အဆောက်အဦးပေါ်က ခုန်ချ

ထိုင်း လိင်ပြောင်းအမျိုးသမီးတစ်ဦးဟာ ဟောင်ကောင်ရှိ အဆောက်အအုံးတစ်ခုပေါ်ကနေ Spider-man လိုတွယ်ကပ်ပြီး  အပြင်ဘက်ကို ခုန်ဆင်းနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ပါးလွှာတဲ့ ပန်းရောင် ၀တ်စုံကို ၀တ်ဆင်ထားတဲ့ အမျိုးသမီးဟာ ရဲဆီကနေ လွတ်မြောက်ဖို့ တတိယထပ် အဆောက်အဦး ပြတင်းပေါက်ပေါ်ကို တက်သွားခဲ့ပြီး အနီးအနားရှိ ကားလမ်းပေါ်ကို ခုန်ဆင်းခဲ့ပါတယ်။

Photo Credit - thethaiger
Photo Credit - thethaiger

သူမ ဆင်းနေချိန်မှာတော့ လမ်းသွားလမ်းလာသူများက ရင်တထိတ်ထိတ် ရပ်ကြည့်ခဲ့ရပြီး နောက်ဆုံး 7-Eleven ဆိုင်အပြင်ဘက်ရှိ လူတစ်ဦးရဲ့ အကူအညီဖြင့် လမ်းပေါ်ကို ချောချောမောမော ဆင်းခဲ့နိုင်တာ တွေ့ရပါတယ်။ သတင်းတွေမှာတော့ အဆိုပါ အမျိုးသမီးရဲ့ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် သူမဟာ အသက် ၃၀ နှစ်အရွယ် ထိုင်းလိင်ပြောင်း အမျိုးသမီး တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

Photo Credit - thethaiger
Photo Credit - thethaiger

အဆိုပါ အဖြစ်အပျက်က ဟောင်ကောင်မြို့ရှိ Carnarvon လမ်း ၃၃ လမ်းမှာ စက်တင်လာလ ၂၂ ရက်နေ့က ဖြစ်သွားခဲ့တာပါ။ လိင်ပြောင်းအမျိုးသမီးအလုပ်လုပ်တဲ့ တရားမဝင် ဖျော်ဖြေရေးနေရာကို ဟောင်ကောင်ရဲအရာရှိတွေက ဝင်ရောက်စီးနင်းတာကြောင့် ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တာလို့လည်း သိရပါတယ်။

သတင်း အရင်းအမြစ်Source - thethaig & World Forumer

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T