အကောင်သေးသလောက် အဆ 200 လောက် အမြင့်ကို ခုန်နိုင်တဲ့ တိရစ္ဆာန်

//s9.kh1.co/95/9542e24ac5652a448728e734c4772b1ddb5b824b.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-စက်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

အမြင့် အဆ ၂၀၀ ထိကို ခုန်နိုင်တယ်ဆိုတော့.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ကမ္ဘာပေါ်မှာ ခုန်ပေါက်သွားလာနေတဲ့ တိရစ္ဆာန်တွေများစွာရှိပါတယ်။ လူများသိတာကတော့ ဖား၊ ယုန်၊ သားပိုက်ကောင် စသဖြင့်ပေါ့။ အဲ့လို ခုန်နိုင်တဲ့ တိရစ္ဆာန်တွေထဲမှာ ဘယ်တိရစ္ဆာန်‌က အမြင့်ဆုံး ခုန်နိုင်လဲဆိုတာ သင်သိပါသလား။ သင့်အနီးအနားမှာပဲ ရှိနေတာမို့ ဒီလို ခုန်နိုင်တဲ့ တိရစ္ဆာန်ကို အဝေးကြီးရှာစရာ မလိုပါဘူး။

https://s9.kh1.co/__image/w=650,h=391,q=100/0a/0af2e9136b94b917b352ed1c30a7d95e400c7f67.jpg
https://s9.kh1.co/__image/w=650,h=477,q=100/47/47f647480f8bb82aaa4e4344a2c3c2855a4e841d.jpg

သန်းများဟာ ခုန်တဲ့နေရာမှာ ချန်ပီယံတွေပါပဲ။ မိမိတို့ရဲ့ အိမ်မွေးတိရစ္ဆာန်များကို ဘေးဥပဒ်ဖြစ်စေတဲ့ သေးငယ်တဲ့အင်းဆက်များဟာ သူတို့ရဲ့ ခန္ဓာကိုယ်အလျားထက် အဆ 200 ခုန်နိုင်ပြီး ဒါဟာ ၁၀ လက်မလောက်ရှိပါတယ်။ သူတို့ဒီလိုခုန်တာကို သေချာ တွက်မယ်ဆိုရင်တော့ ၁၃ လက်မလောက်ထိ ခုန်နိုင်ပါတယ်။ ဒါက တစ်နေရာကနေ တစ်နေရာကို ခုန်တဲ့ အကွာအဝေးပါ။

https://s9.kh1.co/__image/w=650,h=462,q=100/9b/9be53deda23a0baefc090a75958c1038d9f55f5b.jpg
https://s9.kh1.co/__image/w=650,h=325,q=100/a5/a53065f1305e0e70fb016f4261c6894badda240e.webp

သူတို့တွေတည့်တည့်ခုန်မယ်ဆိုရင်တော့ ၇ လက်မထိကို ခုန်နိုင်ပါတယ်။ ဒါက ဝ.၂ လက်မလောက်ပဲရှိတဲ့ တိရစ္ဆာန်အတွက်တော့ အံ့ဩစရာကောင်းလှပါတယ်။ အဲ့လောက်အရွယ်အစားလေးနဲ့ အဲ့လောက်ထိကိုခုန်နိုင်တာက သူတို့ကို တမူးထူးခြားသွားစေပါတယ်။ ပြီးတော့ သူတို့ကို နင်းချေဖျက်စီးဖို့ ဖမ်းဖို့ဆိုတာ မလွယ်ကူးပါဘူး။

သတင်း အရင်းအမြစ်A-Z Animals

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T