တန်မိုရဲ့ မိခင်ကို ဘတ်ငွေ ၂ သန်း နစ်နာကြေး ပေးရမယ်လို့ တရားစွဲဆိုထားသူ ၆ ဦးကို တရားရုံးက အမိန့်ချ

//s9.kh1.co/07/07abf2358918f5901e463e954b7caf02b44655ac.jpg
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

တန်မိုရဲ့ မိခင်ကို နစ်နာကြေး ဘတ်ငွေ ၂ သန်းပေးရမယ်လို့ တရားစွဲဆိုထားသူ ၆ ဦးကို တရားရုံးက အမိန့်ချ

ထိုင်းနာမည်ကျော် မင်းသမီး တန်မိုဟာ လှေပေါ်ကနေ ပြုတ်ကျပြီး Chaophraya မြစ်အတွင်း ရေနစ်သေဆုံးပြီး ခုနစ်လအကြာမှာ တန်မိုရဲ့ မိခင်ကို နစ်နာကြေးပေးဖို့ တရားစွဲဆိုထားတဲ့ လှေပိုင်ရှင်နဲ့ လှေသမား (၅) ‌ဦးကို တရားရုံးက အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

Photo Credit - thethaige
Photo Credit - thethaige

စက်တင်ဘာ ၂၁ ရက်နေ့က တန်မိုရဲ့ မိခင်ဖြစ်သူ Panida Siriyuthyothin ကို တရားစွဲဆိုထားတဲ့ (၆) ဦးမှ နစ်နာကြေး ဘတ်ငွေ ၂ သန်း ပေးဆောင်ဖို့ Nonthaburi ခရိုင်တရားရုံးက အမိန့်ချခဲ့တာပါ။ စုစုပေါင်း ထိုင်းဘတ်ငွေ ၄၀၀၀၀၀ ကို ငွေသားဖြင့် ပေးချေခဲ့ပြီး ကျန် ၁.၆ သန်းကိုတော့ ချက်လက်မှတ်ဖြင့် ပေးချေခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - thethaige
Photo Credit - thethaige

ပြီးတော့ တန်မိုရဲ့ မိခင်က အဆိုပါ တရားစွဲဆိုထားတဲ့ ၆ ဦးဆီကနေ စုစုပေါင်း လစဉ် ဘတ် ၃၀၀၀၀ ရရှိသွားမှာ ဖြစ်ပါတယ်။ KhaoSod ဆိုသူဆီကနေ လစာကို အနှစ် (၂၀) ထိပေးသွားရမှာဖြစ်ပြီး လှေသမား Amarin နှင့် Sanook တို့က တန်မိုရဲ့ မိခင်ကို သူမသေဆုံးသည်အထိ လစဉ်လစာပေးဆောင်သွားမှာလို့ သိရပါတယ်။ ဒါ့အပြင် တရားစွဲဆိုခံထားရတဲ့ (၆) ဦးကနေ တန်မိုရဲ့မိခင်ကို တရားရုံးမှာ ယမန်နေ့က ဘတ်ငွေ (၅) သိန်းခန့်တန်ကြေးရှိတဲ့ နားကပ်တစ်ရံ ပေးခဲ့ပါတယ်။ တန်မိုရဲ့ မိခင်ကတော့ နစ်နာကြေးနှင့် လစာသဘောတူညီချက်အတွက် ကျေနပ်ကြောင်း သိရပါတယ်။

Photo Credit - thethaige
Photo Credit - thethaige
Photo Credit - thethaige
Photo Credit - thethaige

အဆိုပါ တရားစွဲဆိုထားတဲ့ (၆)ဦးထဲမှာ လှေပိုင်ရှင် Tanupat “Por” Lerttaweewit၊ Phaiboon “Robert’ Trikanjananun ၊ Wisapat “Sand” Manomairat၊ Nitas “Job” Kiratisoonthisathorn ၊ တန်မိုရဲ့ မန်နေဂျာ Idsarin “Gatick” Juthasuksawat နှင့် ရှေ့နေ Peam “Em” Thamtheeras တို့ ပါဝင်ပါတယ်။ တရားရုံးကတော့ ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီမှာ သက်သေများကို ထပ်မံစစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။

Source - thethaige

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T