ထိုင်းတော်ဝင်နန်းတော်ရဲ့အပြင်ဘက်မှာ ဘုရင်မကြီး အယ်လိဇဘက်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြင်ဆင်ပေးထား

//s9.kh1.co/ee/ee78c47e1a90870691107e224cb2231598844cab.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

စက်တင်ဘာ(၁၉)ရက်နေ့က လန်ဒန်မှာပြုလုပ်ခဲ့တဲ့ ဘုရင်မကြီး အယ်လိဇဘက် ရဲ့ ဈာပနအတွက်......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

စက်တင်ဘာလ (၁၉) ရက်နေ့ က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မှာပြုလုပ်ခဲ့တဲ့ ဘုရင်မကြီး အယ်လိဇဘက်(၂) ရဲ့ ဈာပနအခမ်းအနားကို နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်းများစုံလင်စွာ တက်ရောက်ခဲ့ပေမယ့် ထိုင်းတော်ဝင်မိသားစု အကြီးအကဲတွေကတော့ မတက်ရောက်ခဲ့နိုင်ခဲ့ဘူးလို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဲ့သလိုမတက်ရောက်နိုင်ခဲ့တဲ့အတွက် ဘန်ကောက်ပြည်သူတွေဟာ ဘုရင်မကြီး အယ်လိဇဘက်(၂)ကို ဂါရဝပြုနိုင်ရန်အတွက် ထိုင်းတော်ဝင်နန်းတော် ရဲ့ အထင်ကရနေရာမှာ အထိမ်းအမှတ် ပြင်ဆင်ပေးထားခဲ့တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

နာဖရာလမ်းပေါ်က မာနီ နော့ပါရက် ဂိတ်အရှေ့ဘက်၊ တော်ဝင်နန်းတော်မှာ ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် ပြင်ဆင်ပေးထားတဲ့ ဘုရင်မကြီး အဲလိဇဘတ်ရဲ့ ပုံတူကို လာမယ့် တနင်္ဂနွေနေ့အထိ နန်းတော်အရှေ့မှာထားရှိပေးသွားမှာဖြစ်ပြီး အထိမ်းအမှတ်နေရာသို့ လာရောက်မယ့်သူတွေမှာ ယဉ်ကျေးတဲ့အဝတ်အစား ဝတ်ဆင်လာကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T