တွဲနေကြတယ်လို့ သတင်းတွေ ထွက်နေတဲ့ မမ နဲ့ မောင်လေး

//s9.kh1.co/06/061891fb7693f3aee3de8f4866d43ca63b3c56b8.jpg
အနုပညာရှင်များ

 ၂၁-စက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

တွဲနေကြတယ်လို့ သတင်းတွေ ထွက်နေတဲ့ ထိုင်းမင်းသား Bright နဲ့ ထိုင်းမင်းသမီး Baifern

Jae Moi 108 လို့ လူမှုကွန်ယက်ထက်မှာ ရေပန်းစားနာမည်ကြီးနေတဲ့ Page ကနေ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသားမင်းသမီးတွေ လျှို့ဝှက်စွာ ချစ်ကြိုက်ပြီးတွဲနေကြတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=614,h=767,q=100/2c/2ce83707df77eb6b0e174576f2fafcec0d8fa353.jpg

နာမည်ထွက်နေတဲ့ မင်းသမီးကတော့ Single ဂုဏ်ပုဒ်ကို ၃ နှစ်နီးပါးလောက် ထိန်းထားနိုင်တဲ့ မင်းသမီးချော Baifern Pimchanok နဲ့ GMM က BL ကားတွေ တော်တော်များများကိုသာ ရိုက်လေ့ရှိတဲ့ မင်းသား Bright Vachirawit တို့ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/eb/ebfe62219a3db6db89d34d7613c20a2155fbe325.jpg

သတင်းတွေထွက်နေပေမယ့်လည်း ထူးဆန်းစရာကောင်းတာက သူတို့နှစ်လုံးက ဇာတ်လမ်းတွေထဲမှာလည်း တစ်ခါမှ တူတူတွဲပြီး သရုပ်မဆောင်ခဲ့ကြဖူးသလို အလုပ်တွေ တူတူလုပ်ဖူးတာလည်း ရှားတာကြောင့် ပရိသတ်တွေကြားမှာလည်း ထူးဆန်းမှုတွေဖြစ်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/27/276ab58009b1db86237168bd4c284a155fdc4435.png
https://s9.kh1.co/__image/w=650,h=369,q=100/27/279d1f084c65c8713b284a1ab66452ff051ed5e1.png

လက်ရှိမှာ Bright က အသက် (၂၄) နှစ်သာရှိသေးပြီး Baifern လေးကတော့ အသက် (၂၉) နှစ်ရှိပြီမို့ တွဲမယ်ဆိုရလည်း မမ နဲ့ မောင်‌ အတွဲလေးလို ဖြစ်လို့နေမှာပါ။ ပရိသတ်တွေကလည်း ဝိုင်ပြီး သဘောတူနေကြပြီး ထွက်လာတဲ့ သတင်းတွေကိုလည်း Baifern ရော Bright ရော က ဖြေရှင်းထားတာမျိုးမရှိပါဘူး။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T