ဘုရင်မကြီးရဲ့နောက်ဆုံးခရီးစဉ်ကို လိုက်ပါပို့ဆောင်လာတဲ့ ဘုရင်မကြီးရဲ့အချစ်တော်လေးများ

//s9.kh1.co/ad/adb75d5628c410cc8f6f64988ef5bcd16d4d6f95.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

ဘုရင်မကြီးရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးများဖြစ်တဲ့ Corgi ခွေးလေးတွေဟာ ဘုရင်မကြီးရဲ့နောက်ဆုံး......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဆယ်စုနှစ် (၇)ခုနှစ်အကြာထိ နန်းစံခဲ့တဲ့ ဗြိတိန်ဘုရင်မကြီး ရဲ့ နောက်ဆုံးသော ခရီးဖြစ်တဲ့ ဈာပနအခမ်းအနားကို ယမန်နေ့ စက်တင်ဘာ(၁၉)ရက်နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားမှာ သူမရဲ့ တော်ဝင်မိသားစုများ ၊ နိုင်ငံ့ခေါင်းဆောင်များ နှင့် ပြည်သူများအပြင် သူမအချစ်ဆုံးသော သူမရဲ့ အိမ်မွေးတိရစ္ဆာန် ကော်ဂီခွေးလေးများကပါ လိုက်ပါပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဘုရင်မကြီးအား သစ္စာစောင့်သိကြတဲ့ ကော်ဂီလေးများဟာ သပ်ရပ်စွာ ပြင်ဆင်ထားပြီး ဘုရင်မကြီး ရဲ့ ရုပ်အလောင်းကို နှုတ်ဆက်နိုင်ရန် ဝင်ဆာရဲတိုက်အတွင်းသို့ ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ပိုင်ရှင်အား နောက်ဆုံးနှုတ်ဆက်ခြင်းခရီးစဉ်မှာ ဝင်ဆာ ရဲတိုက်ဆီသို့ ချဉ်းကပ်ရာ Long Walk လမ်းဘေးရှိ မြက်ခင်းပြင်ပေါ်တွင် ရပ်နေခဲ့တဲ့ပုံဟာ လူမှုကွန်ယက်မှာအတော်လေးရေပန်းစားနေတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဘုရင်မကြီး ရဲ့ အချစ်တော် ခွေးလေးများဟာ lockdown ကာလအတွင်း ဘုရင်မကြီး အတွက်အမြဲတမ်းပျော်ရွှင်မှု အရင်းမြစ်ဖြစ်ကြောင်းသူမရဲ့ ဖက်ရှင်ဒီဇိုင်နာ Angela Kelly မှပြောကြားခဲ့ပြီး ဘုရင်မကြီးရဲ့အချစ်တော်ဖြစ်တဲ့ Muick နှင့် Sandy တို့ဟာ ယခုအခါ မင်းသား Andrew နှင့်အတူ နေထိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T