ပင်လယ်စာ စားသောက်ဆိုင်တစ်ဆိုင်မှာ ကမာကောင် အစိမ်းစားပြီး သေဆုံးသွားသူ

//s9.kh1.co/2c/2caeda87daa4321b26b08c1e23aef53839578ea2.jpg
နေ့စဉ်သတင်းများ

 ၂၂-သြ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

စားသောက်ဆိုင်ဟာ ပေါ့သေးသေးစားသောက်ဆိုင်တော့ မဟုတ်ပါဘူး.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဖလော်ရီဒါရှိ စားသောက်ဆိုင်တစ်ဆိုင်မှ စားသုံးသူတစ်‌‌ယောက်ဟာ vibrio vulnificus လို့သိကြတဲ့ ဘက်တီးရီးယားပိုးများနဲ့ ညစ်ညမ်းနေတဲ့ ကမာကောင်စိမ်းကို စားပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ အမည်မဖော်လို‌ပေမယ့်လည်း ဖလော်ရီဒါ တောင်ပိုင်းက ဒီအမျိုးသားဟာ ယခုလအစောပိုင်းမှာ Fort Lauderdale ရှိ နာမည်ကြီး Rustic Inn Crabhouse ကို သွားရောက်လည်ပတ်ခဲ့ပြီး အဲ့နေ့မှာပဲ ကမာကောင်များကို မှာယူခဲ့ပါတယ်။ သူဟာ မကွယ်လွန်မီ ဆေးရုံတက်ခဲ့ရတဲ့ တစ်ဦးတည်းသော စားသုံးသူဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b1/b10a5b4e0fb9fb5db052438424358136d5ca4702.jpg
https://s9.kh1.co/__image/w=601,h=1024,q=100/11/11b5840ac20bc9299e411638a1f8a4113ce8014e.webp

Rustic Inn ရဲ့မန်နေဂျာ Gary Oral က သေဆုံးသွားတဲ့ စားသုံးသူဟာ ဒီနေရာမှာစားမသုံးမီ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုခန့်က စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးကြောင်းပြောကြားခဲ့ပါတယ်။ ဆိုင်ပိုင်ရှင်‌ ပြောကြားချက်အရ အဲ့နေ့တုန်းက ကမာကောင် အကောင် ၁၀၀ ကျော်အထိ ကျေးမွေးခဲ့ကြောင်း သိရှိရပါတယ်။ အမျိုးသားကို ဆေးရုံတင်ပြီးနောက် ဖလော်ရီဒါပြည်နယ် ကျန်းမာရေးဌာနက စစ်ဆေးရေးမှူးတွေဟာ မီးဖိုချောင်ကို လာရောက်ကြည့်ရှုပြီး Rustic Inn မှာရှိတဲ့ ကမာကောင်စာရင်းကို စစ်ဆေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/e3/e353c6880c5e182574d8a024699e5239273c5cb2.webp
https://s9.kh1.co/__image/w=648,h=431,q=100/37/376ac5f9e78a2726302eccbb380a02bfc8a53e71.webp

Oral က "ကျွန်‌တော်တို့ဟာ စစ်ဆေးမှု အောင်မြင်ခဲ့ပြီး ကမာကောင်များကို ဆက်လက်ရောင်းချခွင့် ရခဲ့ပါတယ်။" လို့ပြောခဲ့ပါတယ်။ Dr. Bamgboye က CBS News ကို လူအများစုဟာ ဒီကမာကောင်ရဲ့ ရောဂါပိုးကို တိုက်ဖျက်နိုင်ပေမယ့်လည်း ဒါဟာ ကင်ဆာရောဂါ ဓာတုကုထုံးဖြင့် ကုသခံယူထားခြင်း သို့မဟုတ် HIV သို့မဟုတ် ဆီးချိုရောဂါ စတာမျိုးတွေကို ခံစားနေရတဲ့သူတွေဟာ သေစေနိုင်တယ်လို့ ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a8/a89cd51553cafac85e3933c8896489868e3503b5.webp

သတင်း အရင်းအမြစ်LADbible

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T