အရမ်းပိန်လွန်းလို့ ဝေဖန်ခံနေရပေမယ့်လည်း ဂရုမစိုက်ဘဲ ပွဲကို လှလှလေး တက်ရောက်ခဲ့တဲ့ Park Min Young

//s9.kh1.co/98/98a7d0c8ed394cece3707a9a1246cd21db4fc7a1.webp
အနုပညာရှင်များ

 ၁၅-သြ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ဒီလိုပဲဖြစ်နေရမယ်.. ဝေဖန်နေသမျှကို လိုက်ခံစားနေရရင် ပြီးတော့မှာ မဟုတ်ဘူး .. ဆာဂျရီလုပ်ပြီး မေးရိုးကြီး ငေါထွက်နေတာကြောင့် …

လတ်တလောက တောင်ကိုရီးယားမင်းသမီး Park Min Young က သူမရဲ့ instagram မှာ ပုံလေး တစ်ပုံတင်ခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံထဲမှာ မင်းသမီးက အရင်ကထက်ကို တအားကိုပိန်လွန်းနေတာဖြစ်ပြီး မေးရိုးကြီးငေါထွက်နေသည်ထိကို ဖြစ်နေတာကြောင့် အဆိုပါအကြောင်းအရာက ပရိသတ်တွေကြားမှာ လူပြောများနေတာဖြစ်ပါတယ်။

Photo Credit : KBIZoom
Photo Credit : KBIZoom

မကြာသေးမီက Park Min Young က tvN ရဲ့ ဒရမ်မာကားအသစ်တစ်ခုဖြစ်တဲ့ “Love in Contract” ဇာတ်လမ်းဖတ်ပွဲမှာ နောက်ထပ်တွဲဖက်သရုပ်ဆောင်နှစ်ဦးဖြစ်ကြတဲ့ Go Kyung Pyo နဲ့ Kim Jae Young နဲ့အတူ တက်ရောက်ခဲ့ပါတယ်။ Min Young က ပေါ့ပေါ့ပါးပါး မိတ်ကပ်လိမ်းပြီး ရိုးရှင်းတဲ့ ပုံမှန်ဝတ်စုံလေးကိုပဲ ဝတ်ဆင်ထားတာပါ။ ကင်မရာထဲမှာ Min Young ကို ဘယ်နေရာပဲကြည့်ကြည့် ချစ်ဖို့ကောင်းပြီး အချိုးကျပြီး လှပနေပါသေးတယ်။  

Photo Credit : KBIZoom
Photo Credit : KBIZoom

Min Young က ပလတ်စတစ် ဆာဂျရီလုပ်တယ်လို့ ကောလဟာလတွေ ထွက်ပြီးနောက်မှာ ဒါဟာ ပထမဆုံး လူရှေ့ထွက်လာတာလည်း ဖြစ်ပါတယ်။ မကြာသေးမီက Min Young က ခွဲစိတ်ခန်းဝင်ထားတဲ့ ပုံတွေက ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး လူပြောများခဲ့တဲ့ ကိစ္စတစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်။  လူရှေ့ကိုထွက်လာတဲ့ အချိန်မှာလည်း အရင်ကနဲ့ မတူဘဲ ကွဲပြားနေတာကြောင့် ပရိသတ်တွေကလည်း ခွဲစိတ်ပြုပြင်ထားတယ်လို့ ယုံကြည်နေကြတာပါ။

Photo Credit : KBIZoom
Photo Credit : KBIZoom

Park Min Young က Go Kyung Pyo နဲ့ Kim Jae Young တို့နဲ့ အတူတွဲလုပ်မယ့် “Love In Contract” ဇာတ်ကားက “What’s Wrong with Secretary Kim?” မှာ Kim Mi So အဖြစ် သူမရဲ့ အတိတ်ကပုံတွေကနေ မတူဖို့ မျှော်လင့်နေပါတယ်။ အဆိုပါစီးရီးကို 2023 မှာ ထုတ်လွှင့်ဖို့ မျှော်လင့်ထားပါတယ်။

Photo Credit : KBIZoom
Photo Credit : KBIZoom

သတင်း အရင်းအမြစ်KBIZoom

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T