ပင်လယ်သမုဒ္ဒရာရေထဲမှာ ဗိုင်းရပ်စ်ပိုးပေါင်း ၂ သိန်းနီးပါး ရှိတယ်ဆိုတာ သင်သိပါသလား...?

//s9.kh1.co/04/0436b897cec1af87d2c56fb1751c3d2af05a205a.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-သြ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ပင်လယ်သမုဒ္ဒရာရေထဲမှာ ဗိုင်းရပ်စ်ပိုးပေါင်း ၂ သိန်းနီးပါး ရှိတယ်ဆိုတာ သင်သိပါသလား...?

သိပ္ပံပညာရှင်များက ပင်လယ်ပြင်မှာ မတူကွဲပြားတဲ့ ဗိုင်းရပ်စ်အမျိုးပေါင်း ၂၀၀,၀၀၀ နီးပါးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က သုတေသနအဖွဲ့တစ်ဖွဲ့ဟာ သမုဒ္ဒရာအတွင်း မတူတဲ့ ဗိုင်းရပ်စ် အမျိုးအစားပေါင်း ၅,၄၇၆ ကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါပေမယ့် ထို့နည်းအတူ ၂၀၁၆  ခုနှစ်က မှတ်တမ်းတင်ခဲ့ရာမှာတော့ သမုဒ္ဒရာအတွင်း ဗိုင်းရပ်စ်အရေအတွက်ဟာ ၁၅,၂၂၂ လောက်ပြောင်းလဲသွားခဲ့ပါတယ်။ ဒါဟာ ပင်လယ်သမုဒ္ဒရာအတွင်း တစ်နှစ်နဲ့တစ်နှစ် ဗိုင်းရပ်စ်အရေအတွက်က သိသိသာသာတိုးလာတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က Cell မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာချက်မှာ ဗိုင်းရပ်စ်အရေးအတွက်ဟာ ၁၉၅,၇၂၈ အထိမြင့်တက်လာခဲ့ပြီး ဒါဟာ ၂၀၁၅ ခုနှစ်က မှတ်တမ်းထက် ၁၂ ဆလောက်တိုးလာခဲ့တာ ဖြစ်ပါတယ်။  အဆိုပါ ဗိုင်းရပ်စ်ပိုးထဲက  ၉၀ ရာခိုင်နှုန်းက လူသိများတဲ့ ဗိုင်းရပ်စ်ဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ပင်လယ်သမုဒ္ဒရာများဟာ ကျွန်တော်တို့ကမ္ဘာမြေရဲ့ ၇၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားတာဖြစ်ပြီး ဒီရေတွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ပြောင်းလဲလာတဲ့ ဇီဝမျိုးစုံမျိုးကွဲများရဲ့ ဟော့စပေါ့အဖြစ် တွေ့မြင်ရတာကတော့ အံ့သြစရာပါ။ ဒါကြောင့် သင်တို့လည်း ပင်လယ်အတွင်း ရေဆော့ကစားကြမယ်ဆိုရင် ပါးစပ်ထဲကို ပင်လယ်ရေတွေမဝင်ဖို့ သတိထားသင့်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - quantamagazine

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T