ဝေလငါးတွေရဲ့ ပဲ့တင်မြည်သံနဲ့ သမုဒ္ဒရာကြမ်းပြင်ကို ရေးဆွဲနိုင်တယ်ဆိုတာ သင်သိပါသလား ?

//s9.kh1.co/64/64e1226ea02c87c778f58d0f66835b7227a952bd.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

Fin ဝေလငါးများဟာ အခြေခံအားဖြင့် သမုဒ္ဒရာရဲ့  Barry White ဖြစ်ပါတယ်။ ဝေလငါးအမများကို ဆွဲဆောင်ရာမှာ ဝေလငါးအထီးတွေ အသုံးပြုတဲ့ အလွန်နက်ရှိုင်းတဲ့ မြည်သံဟာ အဏ္ဏဝါသက်ရှိအားလုံးရဲ့  အသံအကျယ်ဆုံးအဖြစ် သတ်မှတ်ကြပြီး အဆိုပါအသံဟာ  “ကီလိုမီတာ ၁,၀၀၀ (မိုင် ၆၀၀) အကွာအဝေးအထိ ကြားနိုင်လို့ အမေရိကန်သိပ္ပံပညာရှင်များက ဆိုခဲ့ကြပါတယ်။ ဒါကြောင့် အဲ့ဒီအသံဟာ ရေအောက်  ၂.၅ ကီလိုမီတာ (၁.၆ မိုင်) အနက်သို့ ရောက်ရှိနိုင်ပြီး သုတေသီများအား တိကျသော တိုင်းတာမှုများကို ပေးစွမ်းနိုင်တာကြောင့် သမုဒ္ဒရာကြမ်းပြင်ကို အသံထွက်မြေပုံဆွဲရာမှာလည်း အသုံးပြုနိုင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဒါ့အပြင် သိပ္ပံပညာရှင်များ ၂၀၂၁ ခုနှစ်က လေလာမှုတစ်ခုမှာ ဆူးတောင်ဝေလငါးများရဲ့ မြည်သံကို အသုံးပြုခြင်းဟာ သုတေသနပညာရှင်များ အားကိုးအားထားရတဲ့ လေသေနတ်ကြီးကိုအသုံးပြုခြင်းထက် ပင်လယ်ကိုထိခိုက်နိုင်တဲ့ အကျိုးသက်ရောက်မှုနည်းပါးတာကို တွေ့ရတယ်လို့ ဆိုကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဒါကြောင့် ဝေလငါးတွေရဲ့ မြည်သံဟာ ယနေ့ခေတ် သိပ္ပံပညာရှင်များအသုံးပြုတဲ့  ပင်လယ်ကြမ်းပြင်ကို မြေပုံဆွဲမှာ အဓိကနည်းလမ်းဖြစ်ခဲ့ပါတယ်။ ဒီနည်းလမ်းကိုတော့ ၂၀ ရာစုအစောပိုင်းက  ဂျာမန်သိပ္ပံပညာရှင်များ ပထမဆုံးအသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ထင်မြင်ချက်အရဆိုရင် ဝေလငါးမြည်သံကို အသုံးပြုတာဟာ သမုဒ္ဒရာကြမ်းပြင်မြေပုံရေဆွဲရာမှာ တိကျတဲ့ နည်းလမ်း မဟုတ်ဘဲ ဒါဟာ ခန့်မှန်းချက်တစ်ခုသာဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

ကျွန်တော်သိထားတာကတော့ ပင်လယ်ကြမ်းပြင်ကို မြေပုံဆွဲရာမှာ ထင်ထားတာထက်မလွယ်ကူပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကုန်းမြေပေါ်မှာ တိုင်းတာတဲ့ နည်းလမ်းနဲ့ တိုင်းတာလို့ မရလို့ပါ။

Photo Credit – From Google
Photo Credit – From Google

ဒါပေမယ့် နက်ရှိုင်းတဲ့ သမုဒ္ဒရာကြမ်းပြင်ကို ပုံဖော်နိုင်ဖို့ ဆိုရင် သင်္ဘော သို့မဟုတ် ရေငုပ်သင်္ဘောတစ်စင်းနှင့် ချိတ်ဆက်ထားတဲ့ multibeam echo-sounder လို့ခေါ်တဲ့ ကိရိယာကို အသုံးပြုရတယ်လို့ သိထားရပါတယ်။ ဒါကတော့ သမုဒ္ဒရာကြမ်းပြင်ကို ပုံပေါ်ရာမှာ တိကျတဲ့ နည်းလမ်းတစ်ခုလို ထင်ပါတယ်။ သင်တို့ရော ဘယ်နည်းက တိကျမှုရှိမယ်လို့ ထင်ကြလဲ ...?။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - bestlifeonline

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T