သက်တမ်းတိုးမရလို့ ရဲသွားတိုင်မှ သေသူစာရင်းထဲ ထည့်သွင်းခြင်းခံထားရတာကို သိခဲ့ရသူ

//s9.kh1.co/92/9217bdf6b36511901a2ae2001e486fdebb0263f7.jpg
နေ့စဉ်သတင်းများ

 ၁၁-သြ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ဒီအဖိုးအိုဟာ........(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

အမျိုးသားတစ်‌ယောက်ဟာ သူ့ရဲ့ အမည်အောက်မှာ ပျောက်ဆုံးနေတဲ့ စာရွက်စာတမ်းနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားရန် သွားရောက်ခဲ့ချိန်မှာ သူ့ကို 'သေဆုံးသူ' အဖြစ် စာရင်းသွင်းထားကြောင်း တွေ့ရှိခဲ့ရပါတယ်။ မလေးရှားနိုင်ငံမှ Low Choo Choon ဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် သူနဲ့ သူရဲ့ဇနီးဝယ်ယူထားတဲ့ လူနှစ်‌ယောက်ရဲ့ သင်္ချိုင်းအမည်ကို ဆွေမျိုးတစ်ဦးထံ လွှဲပြောင်းပေးချင်ခဲ့ပါတယ်။ ဒါပေမယ့် သူသင်္ချိုင်းရဲ့ အမည်ပေါက်ကို ရှာမတွေ့တဲ့အခါ ရဲစခန်းမှာ တိုင်ကြားဖို့ သွားပေမယ့် သူ့ကို 'သေပြီ' လို့ စာရင်းသွင်းထားတာကြောင့် အုတ်ဂူကိုလည်း မရှာနိုင်ဘူးလို့ သိလိုက်ရပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/97/973c186fc2414f86c1884698dd6adcde3623a607.webp
https://s9.kh1.co/__image/w=650,h=434,q=100/a3/a397d3c50b1485456276eca1e913dc59cbf46294.jpg

ဈာပနကား မောင်းနှင်သူ အသက် ၇၁ နှစ်အရွယ် အမျိုးသားဟာ ဒီကိစ္စကြောင့် အမျိုးသား မှတ်ပုံတင်ရေးဌာန (JPN) ကို တိုင်ကြားရန် အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့သေဆုံးမှု အခြေအနေကို ပြုပြင်ရန် မရှိသေးကြောင်း ပြောကြားခဲ့ပြီး တုံ့ပြန်ရန် JPN ကို တောင်းဆိုထားပါတယ်။ Choon ဟာ သတင်းစာရှင်းလင်းပွဲမှာ Senai ရဲ့ လွှတ်တော်အမတ် Wong Bor Yang နှင့်အတူ အဆိုပါကိစ္စအတွက် ကူညီပေးရန် စာရင်းသွင်းခဲ့ပါတယ်။ Harian Metro ရဲ့ အဆိုအရ “ကျွန်တော်က အသုဘအိမ်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်နေပေမယ့် “သေပြီ” လို့ စာရင်းသွင်းခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ " လို့ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=648,h=364,q=100/ba/ba8083ea217aaa0191c997947640fdab2f38fbf4.webp

ရှစ်လကြာ တရားဝင်သေဆုံးသွားပြီးနောက် Choon ဟာ တရားဝင်စာရွက်စာတမ်းများကို တခြားအရာတွေကို သက်တမ်းတိုးရန် ကြိုးပမ်းရာမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ရဲ့ လမ်းခွန် လက်မှတ်ကို ယခုနှစ်မှာ သက်တမ်းတိုးခြင်း မပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ယာဉ်မောင်းတစ်ဦးအနေဖြင့် သူ့ရဲ့အလုပ်အတွက် အထူးပြဿနာတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ သူဟာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကို အနည်းဆုံး ၁၈ လကြာ သက်တမ်းတိုးရန် စည်းရုံးနိုင်ခဲ့‌ပေမယ့်လည်း ပြဿနာကို ပြုပြင်ရန်အတွက် အကြိမ်ရေများစွာ တောင်းဆိုမှုများ ပြုလုပ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=648,h=432,q=100/3b/3b6613b6c02ed7bffe614a5b9756c44acf3af72f.webp

သတင်း အရင်းအမြစ်LAdbible

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T