Variety ရှိုးတစ်ခုတည်းမှာ အတူတွေ့ရမယ့် ထိပ်တန်း သရုပ်ဆောင် ၃ ဦး

//s9.kh1.co/ad/adee29ab964210acd9cc5aa8c77e548e94577925.jpg
အနုပညာရှင်များ

 ၀၇-သြ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

Variety ရှိုးတစ်ခုတည်းမှာ အတူတွေ့ရမယ့် ထိပ်တန်း သရုပ်ဆောင် ၃ ဦး

TVING ရဲ့ အသစ်စက်စက် Variety Show ဖြစ်တဲ့ 'Youth MT' မှာ 'Love in the Moonlight'၊ 'Itaewon Class' နဲ့ 'The Sound of Magic' တို့ရဲ့ ထိပ်တန်းသရုပ်ဆောင်တွေ ပါဝင်မှာ ဖြစ်ပြီး Variety Show အတွက် အပျော်တမ်း အပန်းဖြေခရီးကို စတင်တော့မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=540,q=100/0e/0e51d60640f57bf8741800dc03a41fa728a61c77.jpeg

'Youth MT' Variety Show ဟာ 'Unexpected Business' နဲ့ '1 Night၊ 2 Days' Season 3 တို့ရဲ့ PD ဖြစ်တဲ့ Kim Sung Yoon ရဲ့ ပရောဂျက်တစ်ခုလည်းဖြစ်ပါတယ်။'Love in the Moonlight'၊ 'Itaewon Class'၊ 'The Sound of Magic' ဒရာမာကားများမှ ကြယ်ပွင့်တွေရဲ့ ကြည်နူးဖွယ် ပြန်လည်ဆုံစည်းမှုများနဲ့ ဒီ Variety Show ကို သရုပ်ဖော်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/8a/8a82a21c0d6d5958e6f78848d00d116410f9df9b.jpg

၂၀၁၆ ခုနှစ် ဒရာမာဇာတ်ကားဖြစ်တဲ့ 'Love in the Moonlight' မှာ ဦးဆောင်သရုပ်ဆောင်ထားတဲ့ Park Bo Gum၊ Kim Yoo Jung၊ Jinyoung၊ Chae Soo Bin နဲ့ Kwak Dong Yeon တို့ကို 'Youth MT' တွင် ပြန်လည်ပေါင်းစည်းဖို့အတွက် စီစဉ်ထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/bc/bc948e40c5dc106372bb3b719d4629ad497f83f9.jpg

နောက်ပြီး 'Itaewon Class' အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Park Seo Joon၊ Ahn Bo Hyun၊ Kwon Nara၊ Ryu Kyung Soo နဲ့ Lee Joo Young တို့ကိုလည်း စုစည်းထားပါတယ်။ ဒါ့အပြင် Netflix မူရင်းစီးရီး 'The Sound of Magic' ရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ji Chang Wook၊ Choi Sung Eun၊ Hwang In Yeob၊ Ji Hye Won နဲ့ Kim Bo Yoon တို့လည်း Variety Show အသစ်မှာ ပါဝင်လာမှာဖြစ်ပါတယ်။ဒီအဖွဲ့ ၃ ဖွဲ့ ဆုံတဲ့အခါ ဘာဖြစ်သွားမလဲဆိုတာကိုတော့ လာမယ့် စက်တင်ဘာလမှာထွက်ရှိမယ့် TVING ရဲ့ Variety Show ဖြစ်တဲ့ 'Youth MT' မှာ စောင့်ကြည့်နိုင်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T