Jessi နဲ့ Date နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး Lee Sang Yeob ရဲ့ အေဂျင်စီထုတ်ပြန်ချက်

//s9.kh1.co/2e/2e98403e1b80aa837367f56bdef90293d75fea8d.webp
အနုပညာရှင်များ

 ၀၆-သြ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

အရမ်းသဘောကျရတဲ့ အတွဲလေး .. Agency ရဲ့ ထုတ်ပြန်ချက်ကတော့ ...

မကြာသေးမီက tvN “Sixth Sense 3” ရဲ့ ရိုက်ကွင်းနောက်ကွယ်က မင်းသားLee Sang Yeob နဲ့ Jessi တို့ရဲ့ ဓာတ်ပုံအသစ်တွေ ထွက်လာခဲ့ပါတယ်။ ဓာတ်ပုံတွေက ချစ်သူစုံတွဲတွေလို့ ထင်ရလောက်တယ်လို့ အင်တာနက်အသုံးပြုသူတွေကြားမှာ နားလည်မှုလွဲမှားနေတာ ဖြစ်ပါတယ်။

Photo Credit: Google 
Photo Credit: Google 

တင်ထားတဲ့သူကလည်း သူတို့နှစ်ယောက် တကယ် Date ခဲ့ရတယ်ဆိုတဲ့ Caption နဲ့ တင်ထားတာကြောင့် အထင်တွေ လွဲမှားနေကြတာပါ။ Show ကို ကြည့်ကြတဲ့သူတွေကလည်း သူတို့နှစ်ယောက်က Chemistry မိလွန်းတာကြောင့် သဘောတူနေကြပြီး တွဲစေနေချင်ကြတာပါ။

Photo Credit: Google 
Photo Credit: Google 

Lee Sang Yeob ရဲ့အေဂျင်စီကလည်း နားလည်မှုလွဲမှားမှုတွေကို ရှင်းဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Jessi နဲ့ Lee Sang Yeob တို့က ချိန်းတွေ့ခြင်းမရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဝန်ထမ်းတွေက အဲဒီဓာတ်ပုံတွေကို အပျော်သဘောနဲ့ ဖျော်ဖြေရေးအတွက်သာ တင်ခဲ့တာဖြစ်ကြောင်း ပရိသတ်တွေကို နားလည်မှုမလွဲကြဖို့ တောင်းဆိုခဲ့ပါတယ်။

Photo Credit: Google 
Photo Credit: Google 

“Lee Sang Yeob နဲ့ Jessi တို့ကြားက ဆက်ဆံရေးဟာ ကောလဟာလတွေပဲ ဖြစ်ပါတယ်။ tvN က ဖျော်ဖြေရေး ရည်ရွယ်ချက်အတွက်သာ တင်ထားတာဖြစ်ပြီး နားလည်မှုလွဲစရာတွေ ရှိသွားခဲ့လို့ တောင်းပန်ခဲ့ပါတယ်။

Source: Jasmine media.com 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T