ရေဘဝဲတစ်ကောင်မှာ နှလုံးဘယ်နှစ်လုံးရှိလဲ....?

//s9.kh1.co/73/7376529b15e5a1979e96234b9f3e529b09d69f3b.jpg
MPT

 ၀၆-သြ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ရေဘဝဲတစ်ကောင်မှာ နှလုံးဘယ်နှစ်လုံးရှိလဲ....?

ရေဘဝဲတွေမှာ အခြားကုန်းနေ၊ ရေနေသတ္တဝါတွေအပြင် လူသားတွေထက် ထူးထူးခြားခြား နှလုံး (၃) လုံးထိပါရှိတယ်။ ရေဘဝဲရှင်သန့်ဖို့ဆို အဲ့ဒီနှလုံး (၃) လုံးစလုံးက အလုပ်လုပ်ရပါတယ်။ နှလုံးပထမ တစ်လုံးက ခန္ဓာကိုယ်အနှံ့ချိတ်ဆက်ထားသလို ကျန် (၂) လုံးကတော့ ပါးဟက်နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် နှလုံး (၃) လုံးထဲက တစ်လုံးအလုပ်မလုပ်ပါက ရေဘဝဲကြီးတစ်ခုလုံး သေသွားနိုင်ပါတယ်။

https://s9.kh1.co/__image/w=636,h=591,q=100/f3/f39c27556a7333e706c600a07d9c5a44ecfa64a2.webp

ရေဘဝဲနှလုံးမှာ အခန်း (၃) ခန်းပါဝင်ပြီး အားလုံးက အနည်းငယ်တော့ ကွာခြားမှုရှိပေမယ့် အဲ့ (၃) ခန်းလုံးက အင်္ဂါတစ်ခုတည်းကို အလုပ်လုပ်ကြရတာ ဖြစ်ပါတယ်။ နောက်ပြီး ရေဘဝဲမှာ 'ပါးဟက်' နှစ်စုံပါရှိပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/ad/add70beac8efb07811a7bab4c65ff5871b038b1f.jpeg

ဒါကြောင့် နှလုံးတစ်ခု ဟာ ပါးဟက်တစ်ခုစီမှ သွေးကိုယူကာ 'သခင်' နှလုံးတစ်ခုတည်းမှာ သွေးများကိုထည့်ပေးရပါတယ်။ သခင် 'နှလုံး' ကတော့ ခန္ဓာကိုယ်အနှံ့ရှိသွေးများကို စုပ်ယူရတာဖြစ်ပါတယ်။ ဆိုလိုတာက နှလုံး (၃)လုံးစလုံးက ရေဘဝဲရဲ့ တက်ကြွတဲ့လူနေမှုပုံစံကို ထောက်ပံ့ပေးဖို့အတွက် ခန္ဓာကိုယ်တစ်ဝိုက်ရှိ မြင့်မားတဲ့ ဖိအားနဲ့ သွေးကိုစုပ်ယူခြင်းဖြင့် ကူညီပေးတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e7/e7498e78af3dfb62b958fea52e82afe4ed683b93.webp

လူသားနှလုံး နှင့် ရေဘဝဲနှလုံးတို့ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တစ်ထပ်တည်းမဟုတ်ပေမယ့် ဆင့်ကဲလုပ်ဆောင်မှုတွေကတေ့ အတူတူပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=275,h=183,q=100/43/43be5d7963c67c7f0fda1d1785eee93d194e70c7.jpg

နောက်တစ်ခု ထူးခြားချက်က ရေဘဝဲတွေမှာ ကြေးနီဓာတ်ကြွယ်ဝတဲ့ ဟေမိုဂလိုဘင်များပါရှိတဲ့ အပြာရောင်သွေးများပါတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေဘဝဲများဟာ နှလုံး ၃ လုံးဖြင့် ရှင်သန်ကြတဲ့ ထူးထူးခြားခြား ရေနေသတ္တဝါပဲ ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T