ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်းရေးတွေကို ပိုင်ဆိုင်ထားကြတဲ့ ကိုရီးယားမင်းသမီးများ

//s9.kh1.co/1a/1a026f3bf1801601d6112949ebd4cd71db221506.jpg
အနုပညာရှင်များ

 ၀၆-သြ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

သူတို့ရဲ့ အမျိုးသားတွေဆီက သည်းသည်းလှုပ်ချစ်ခံနေရတာကြောင့် မြင်ရသူတိုင်း အားကျရတဲ့ .....

"The Nation's First Love" လို တင်စားခေါ်ရလောက်သည်ထိ နာမည်ကြီးပြီး လူကြိုက်များခဲ့တဲ့ ကိုရီးယားမင်းသမီးတွေဖြစ်ကြတဲ့ Son Ye Jin၊ Jun Ji Hyun၊ Lee Yeon Hee တို့ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ သူတို့တွေက ရုပ်ရည်ချောမောလှပသလို စမတ်ကျတဲ့ ဖက်ရှင်တွေကိုလည်း ဝတ်စားတတ်ကြတဲ့အပြင် အိမ်ထောင်ရေးမှာလည်း ကံကောင်းကြတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အမျိုးသားတွေဆီက သည်းသည်းလှုပ်ချစ်ခံနေရတာကြောင့် မြင်ရသူတိုင်း အားကျရတဲ့ အိမ်ထောင်သည်တွေ ဖြစ်နေရတာပါ။

Jun Ji Hyun

Photo Credit : kdramastars.com
Photo Credit : kdramastars.com

OG Kdrama ထဲက မင်းသမီးတစ်ယောက်ဖြစ်တဲ့ သူမက 2001 က ထွက်တဲ့ ရုပ်ရှင် "My Sassy Girl" မှာ ကြည့်ရှုသူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူမက ဇာတ်လမ်းကောင်းတွေကို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တာကြောင့် "The Nation's First Love" ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Cha Tae Hyun နဲ့ တွဲရိုက်ခဲ့တဲ့ 2004 prequel "Windstruck" မှာ ပါဝင်ခဲ့ပြီးနောက်မှာ ပရိသတ်တွေရဲ့ အချစ်ကို ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit : kdramastars.com
Photo Credit : kdramastars.com

သူမရဲ့Kdramasတွေ ဖြစ်တဲ့ "My Love from the Star"၊ "The Legend of the Blue Sea" ဇာတ်ကားတွေကလည်း သူမရဲ့ အောင်မြင်မှုကို ဆက်လက်ထိန်းပေးထားနိုင်တဲ့ ကားတွေဖြစ်ပါတယ်။ Jun Ji Hyun ဟာ စီးပွားရေးသမားတစ်ယောက်နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး 2012 ခုနှစ် ဧပြီလမှာ ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အိမ်ထောင်သက် ကိုးနှစ်အကြာ ၂၀၂၁ နှစ်မှာ Jun Ji Hyun နဲ့ သူမရဲ့ခင်ပွန်းဟာ ကွာရှင်းလိုက်ပြီလို့ ကောလဟာလတွေ ထွက်ခဲ့ပေမယ့် မင်းသမီးကတော့ ငြင်းဆိုခဲ့ပါတယ်။

Photo Credit : kdramastars.com
Photo Credit : kdramastars.com

Son Ye Jin

Photo Credit : kdramastars.com
Photo Credit : kdramastars.com

တစ်ချိန်က "The Nation's First Love" လို့ နာမည်ပေးထားခံရတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ Son Ye Jinကတော့ သန်းပေါင်းများစွာသော ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူလေးဖြစ်ပါတယ်။ Jung Woo Sung နဲ့ 2003 melodrama "The Classic" မှာ ပါဝင်ခဲ့ပြီးနောက် သူမဟာ တဖြည်းဖြည်းနဲ့ နာမည်ကြီးလာခဲ့ပြီး အခုဆိုရင် ဝင်ငွေအကောင်းဆုံး ထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်လို့နေပါပြီ။

Photo Credit : kdramastars.com
Photo Credit : kdramastars.com

သူမကတော့ "Crash Landing on You" ဇာတ်လမ်းထဲမှာ တူတူသရုပ်ဆောင်ခဲ့တဲ့ မင်းသား Hyun Bin နဲ့ မတ် ၃၁ ရက်က မင်္ဂလာပွဲ ကျင်းပခဲ့တာဖြစ်ပြီး အခုဆိုရင် ရင်သွေးလေးတောင် ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

Photo Credit : kdramastars.com
Photo Credit : kdramastars.com

Lee Yeon Hee

Photo Credit : kdramastars.com
Photo Credit : kdramastars.com

K-pop legendary ထရိန်နာတစ်ဦးအဖြစ် လူသိများတဲ့ Lee Yeon Hee က မင်းသား Hyun Bin နဲ့ "A Millionaire's First Love" မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်မှာ မင်းသမီးတစ်ယောက်အဖြစ် နာမည်ကြီးခဲ့တာပါ။ သူမရဲ့ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ အလှတွေကြောင့် "Nation's First Love" ဆိုတဲ့ နာမည်ကို ရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit : kdramastars.com
Photo Credit : kdramastars.com

အခုဆို အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အလှမယ်လေးဟာ အနုပညာရှင်လောကထဲကမဟုတ်တဲ့ ချစ်သူနဲ့ ပျော်ရွှင်စွာ လက်ထပ်လိုက်ပါပြီ။ သူတို့စုံတွဲလေးက 2020 ခုနှစ် ဇွန်လ 2 ရက်နေ့တုန်းက မင်္ဂလာဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်.kdramastars.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T