အမေရိကန်က နာမည်ကြီး အဆိုတော်တစ်ယောက်ရဲ့ ချီးကျူးတာခံခဲ့ရတဲ့ Blackpink…

//s9.kh1.co/c4/c49ffe584abbc3a3c9de61433f7a59f64439201c.jpg
အနုပညာရှင်များ

 ၀၆-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အံ့သြစရာကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ကျွန်တော်တွေ့ဖူးသမျှ…

One Republic အဖွဲ့ဝင်နှင့် ဂီတထုတ်လုပ်သူ Ryan Tedder ဟာ ထိပ်တန်း Kpop မိန်းကလေးအဖွဲ့ BLACKPINK ကိုချီးကျူးခဲ့ပြီးနောက် Blackpink fans တွေရဲ့ကျေးဇူးတင်တာကို ခံနေရပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/5d/5db90aa5534c5930948ab9dff611a2be9bf8efdd.jpg

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ နာမည်ကျော် တေးဂီတထုတ်လုပ်သူနှင့် One Republic အဖွဲ့ဝင် Ryan Tedder က “သူတို့ရဲ့ လာမယ့်အယ်လ်ဘမ်အတွက် BLACKPINK နဲ့ ကျွန်တော် လက်တွဲခဲ့ပါတယ်။  သူတို့အတွက် ရေးတဲ့ သီချင်း ဘယ်နှစ်ပုဒ် ပါမယ် ဆိုတာ အတည်မပြု နိုင်ပေမယ့် အားလုံး အဆင်ပြေရင်တော့ ၃ ပုဒ်လောက် ပါ ပါမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျေနပ် ကြမယ် လို့ မျှော်လင့် ပါတယ်၊  သူတို့အတွက် ကျွန်တော်ရေးခဲ့တာက album အတွက်ရွေးချယ်ခံရလိမ့်မယ် လို့ထင်ပါတယ်" လို့ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=397,q=100/82/821963104f1d6d7840c616c70a23907a2dd8c15d.png

ပြီးတော့သူက BLACKPINK ကို အလွန်လေးစားမှုရှိကြောင်း ထုတ်ဖော်ချီးကျူးခဲ့ပြီး “ကျွန်တော်က BLACKPINK ကို အရမ်းကြိုက်ပြီး သူတို့ကို အရမ်းလေးစားပါတယ်။  သူတို့ဟာ အံ့သြစရာကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ကျွန်တော်တွေ့ဖူးသမျှထဲမှာ အနူးညံ့ဆုံးနဲ့ အကြင်နာဆုံး မိန်းကလေးတွေပါ။ ပြီးတော့လည်း တော်‌တော်လေးကို ထက်မြက်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/44/44bfad5f794e223f08e6a25f41cd8df965f8ecde.jpg

ပြီးတော့ ကျွန်တော်သူတို့နဲ့ သီချင်းအနည်းငယ်ရေးခဲ့ပြီး သူတို့ဟာ သီချင်းစာသားရော သံစဉ်အပေါ်မှာပါ သူတို့ရဲ့ ထင်မြင်ချက်ပေးခဲ့ပြီး ဒါဟာ သူတို့လုပ်နေတာတွေကို သူတို့တကယ်နားလည်တဲ့ပုံပါပဲ ” လို့ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=520,q=100/6e/6e9eef7427cbc379ab0945251c75661252d3baf6.jpg

“သူတို့က အမြဲတမ်း အကောင်းဆုံးအဖွဲ့တွေထဲက တစ်ဖွဲ့ပါ။ ကျနော်ကလည်း သူတို့ထဲက အမာခံပရိသတ်တစ်ယောက်ပါ” ဆိုပြီး Ryan က နိဂုံးချုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/8b/8bce5d0d4d473210ccb736c201eb1a96df9ed4d3.jpg

Ryan Tedder ဟာဆိုရင် နာမည်ကျော် ပေါ့ပ်အဖွဲ့ One Republic ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အရည်အချင်းရှိတဲ့ ဂီတထုတ်လုပ်သူလည်းဖြစ်ပါတယ်။ သူဟာ Beyoncé ရဲ့ “Halo”၊ Maroon 5 ၏ “Maps” ကဲ့သို့သော နာမည်ကြီးသီချင်းများစွာကို ရေးသားခဲ့ပြီး ယခင်က BLACKPINK နှင့် “Bet You Wanna” တို့လည်း ပါဝင်ခဲ့ပါတယ်။

Photos-credit

Source- KBIZoom 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T