​ကိုဗစ် ပထမလှိုင်း ပြီးဆုံးသွားကြောင်း ကြေညာလာတဲ့ မြောက်ကိုးရီးယားနိုင်ငံ

//s9.kh1.co/89/890ff9e5682ef955c4b09d80e2c0fccaed3637f1.jpg
နေ့စဉ်သတင်းများ

 ၀၆-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

မြောက်ကိုးရီးယားနိုင်ငံအတွင်း ကိုဗစ် ကူးစက်ခံရသူ အားလုံး ဟာ........ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မြောက်ကိုရီးယားနိုင်ငံတွင်း ကိုဗစ် ၁၉ ကူးစက်ခံခဲ့ရတဲ့ လူနာတွေမှာ အားလုံးပြန်လည်သက်သာလာ ပြီဖြစ်ကြောင်း သြဂုတ်လ (၅)ရက်နေ့မှာ ​ပြောကြားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ပထမဦးဆုံး ကူးစက်ပျံ့နှံ့မှု ၊ ပထမလှိုင်း ဟာ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ကြေညာခဲ့တယ်လို့ CNA သတင်းက ရေးသားဖော်ပြထားပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

တခြားနိုင်ငံတွေမှာ ကိုဗစ် စတုတ္ထလှိုင်းအထိဖြစ်ပွားခဲ့ပြီးပေမယ့် မြောက်ကိုးရီးယားနိုင်ငံ ဟာ ကိုဗစ်စဖြစ်စဉ်ကတည်းက သေချာစည်းကပ်တင်းကျပ်စွာနဲ့ lock down ချမှတ်ထားတာကြောင့် အခုအချိန်မှ ကိုဗစ်စဖြစ်တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သို့ပေမယ့်လည်း မြောက်ကိုးရီးယားနိုင်ငံ အနေနဲ့ လတ်တလောမှာ စီးပွားရေးကျပ်တည်းမှုတွေ က စိန်ခေါ်မှုအနေနဲ့တိုးပွားလာပြီး အနာဂတ်မှာ ပြန်လည်ပေါ်ထွက်လာမယ့် ကာကွယ်ဆေးမထိုးရသေးတဲ့ လူဦးရေနဲ့ စိန်ခေါ်မှုတွေ ရှိနေကြောင်း မြောက်ကိုးရီးယားက လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T