(၃၀၀၀)ကျပ်အထိဖြစ်သွားတဲ့ ဒေါ်လာဈေး နဲ့ (၂၄)သိန်းအထိ ထိုးတက်သွားတဲ့ ရွှေဈေး

//s9.kh1.co/60/606d01cc9766bfd95ace4b236aac23e813b05ec0.jpg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ဗဟိုဘဏ် မှာ တစ်ဒေါ်လာ ကို (၁၈၅၀)ကျပ်အထိသာ ပေါက်ဈေးရှိပေမယ့်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

သိပ်မကြာခင် ကာလတစ်ခုက ဗဟိုဘဏ်မှ ကြေညာခဲ့တဲ့ စီးပွားရေးဆိုင်ရာ ထုတ်ပြန်ချက်အချို့ကြောင့် ဒေါ်လာဈေးကွက်အတွင်း ဗဟိုဘဏ်သတ်မှတ်ချက် (၁၈၅၀)ကျပ်ထက်ကျော်လွန်၍ ဒေါ်လာဈေး အဆမတန် တက်ကာ ရွှေဈေးတွေအထိပါ ရိုက်ခတ်မှုတွေ ဖြစ်လာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယခင် ဧပြီလ က ဒေါ်လာနဲ့ပတ်သက်လို့ ဗဟိုဘဏ်မှ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများရဲ့ နိုင်ငံခြားငွေများကို (၂၄) နာရီအတွင်း ကျပ်ငွေကို ပြောင်းလဲရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်ကြောင့် ဒေါ်လာဈေးတွေ မတည်မငြိမ်ဖြစ်ခဲ့ပြီး သိပ်မကြာခင် ဇူလိုင်လဆန်းက တစ်ခါ ထုတ်ပြန်ချက်အသစ် ပြန်လည်ကြေညာခဲ့တာကြောင့် နောက်တစ်ကြိမ် ဒေါ်လာဈေးမတည်မငြိမ် စတင်ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယခုအခါ ဒေါ်လာဈေးမှာ ဗဟိုဘဏ်ထုတ်ပြန်ချက်အရ တစ်ဒေါ်လာလျှင် (၁၈၅၀)ကျပ်အထိ ပေါက်ဈေးရှိပေမယ့်လည်း ပြင်ပလောကမှာ တစ်ဒေါ်လာလျှင် (၃၀၀၀)ကျပ်အထိ တိုးနေပြီဖြစ်ကြောင်း ပြည်သူများထံမှသိရပါတယ်။ ဒါတင်သာမက ရွှေဈေးမှာလည်း ရွှေတစ်ကျပ်သားလျှင် (၂၄)သိန်းအထိ ထိုးတက်သွားကြောင်း ပြည်သူများထံမှ သိရပါတယ်။ စီးပွားရေးလောကနဲ့ပြည်သူအကြားဘယ်လိုရိုက်ခတ်မလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာအသေအချာပါပဲ

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T