James Webb အာကာသ ကြည့်မှန်ပြောင်းကနေ ဖမ်းယူရရှိခဲ့တဲ့ Cartwheel ဂလက်ဆီ ရဲ့ ရင်သပ်ရှုမောစရာ ပုံရိပ်

//s9.kh1.co/86/86769a6ca6093d88d73924e47b2a0e3a34634d67.jpg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.


James Webb အာကာသကြည့်မှန်ပြောင်း မှ ရိုက်ကူးထားတဲ့ Cartwheel ဂလက်ဆီ ရဲ့ ရှင်းလင်းပြတ်သားဆုံး ရင်သပ်ရှုမောဖွယ် ပုံရိပ်အချို့ ထွက်ပေါ်လာခဲ့ပါပြီ။ အဆိုပါ ဂလက်ဆီရဲ့ ပုံရိပ်ကို အင်္ဂါနေ့က NASA မှ ထုတ်ပြန်လာခဲ့တာ ဖြစ်ပြီး လှည်းဘီးလို့လည်း အမည်ပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂလက်ဆီ ရဲ့ ပုံစံက လှည်းဘီးလို အဝိုင်းပုံသဏ္ဍာန်ဖြစ်နေတာကြောင့်ပါ။ Cartwheel ဂလက်ဆီ ဟာ Sculptor ကြယ်စုမှာ အလင်းနှစ် သန်း ၅၀၀ ခန့်အကွာမှာ တည်ရှိကြောင်း အေဂျင်စီက ထုတ်ပြန်ထားပါတယ်။ ပုံမှာ မြင်တွေရတဲ့ Cartwheel ဂလက်ဆီ ကတော့ အခြား galaxies များစွာရဲ့ နောက်ခံကို ဆန့်ကျင်ဘက်ဖြစ်တဲ့ "သေးငယ်တဲ့ အဖော် galaxies နှစ်ခုနှင့် အတူယှဉ်တွဲပြသထားတာဖြစ်ပါတယ်။

Photo Credit - CSB News
Photo Credit - CSB News


NASA ရဲ့ အဆိုအရ နဂါးငွေ့တန်းရဲ့ ညာဘက်အတွင်းဘက်မှာ ကြီးမားတဲ့ ဖုန်မှုန့်များ ပါဝင်နေပြီး အတောက်ပဆုံး နယ်ပယ်မှာတော့ အလွန်ကြီးမားတဲ့ ကြယ်အစုအဝေးများကို ယှဉ်တွဲထားကြောင်း ၊ Hubble အာကာသကြည့်မှန်ပြောင်းကို အသုံးပြုခြင်း အပါအဝင် နဂါးငွေ့တန်းဟာ မြင်ကွင်းကို ဖုံးကွယ်နေတဲ့ ဖုန်မှုန့် ပမာဏ ကြောင့် မလုပ်ဆောင်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် Near-Infrared Camera (NIRCam) ဟာ အနီအောက်ရောင်ခြည်ကို ထောက်လှမ်းနိုင်သည့် အဆင့်မြင့် Webb အာကာသကြည့်မှန်ပြောင်းဟာ ဂလက်ဆီရဲ့ အပြင်ဘက်အဝိုင်းမှာ ဖြစ်ပေါ်နေတဲ့ ကြယ်ငယ်များကိုတော့ ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ခဲ့ပါတယ်။

Photo Credit - CSB News
Photo Credit - CSB News

ဖမ်းယူရရှိခဲ့တဲ့ ပုံမှာတော့ ယခင်က Cartwheel ဂလက်ဆီမှာဖြစ်ပျက်ခဲ့ပုံနှင့် အနာဂတ်မှာ မည်သို့ပြောင်းလဲလာဖွယ်ရှိကြောင်းကိုလည်း ထိုးထွင်းသိမြင်နိုင်တယ်လို့ ဆိုပါတယ်။ မတိုက်မိမီ နဂါးငွေ့တန်း ဂလက်ဆီကဲ့သို့ သာမန်ဂလက်ဆီဟု ယူဆရတဲ့ နဂါးငွေ့တန်းဟာ လက်ရှိမှာ အကူးအပြောင်းအဆင့်မှာပဲ ရှိနေပြီး ဆက်လက် အသွင်ပြောင်းသွားနိုင်တယ်လို့ NASA က ထုတ်ပြန်ထားပါတယ်။

Photo Credit - CSB News
Photo Credit - CSB News

သတင်း အရင်းအမြစ်Source - CSB News


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T