အလှအပအတွက် ဘီယာတစ်ခွက်

//s9.kh1.co/fd/fd284962cb2d414c8c49a1053e8f1c194b402174.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-လိုင်-၂၀၂၂ ၆pm · လွန်ခဲ့သော ၂ နှစ် က

ဘီယာသရဲလေးတွေအတွက် ဘီယာမှာ အံ့သြဖွယ်ကောင်းလောက်အောင် အလှအပနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်....

လူကြိုက်များပြီး သောက်လေ့ရှိကြတဲ့ ဘီယာမှာတော့ အံ့သြဖွယ်ကောင်းလောက်အောင် အလှအပနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။ ဒါကြောင့်မို ဘီယာမှာ ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတာ ဆက်ဖတ်ကြည့်ကြရအောင် ...

Photo Credit : Google
Photo Credit : Google

ဘီယာဟာ အရေပြားနဲ့ ဆံပင်ကျန်းမာရေးအတွက် အထူးပင်ကောင်းမွန်တယ်လို့ ဆိုလိုပါတယ်။

ဘီယာကို ဆံပင်ပြုပြင်ပေးတဲ့ ဆေးရည်အဖြစ်သုံးနိုင်ပါတယ်။ ခေါင်းလျှော်ရည်နဲ့ လျှော်ပြီး ဘီယာနဲ့ဆေးချလိုက်ရင် နူးညံ့တောက်ပြောင်တဲ့ ဆံသားရနိုင်ပြီး ဆံပင်သန်စွမ်းစေနိုင်ပါတယ်။

Photo Credit : Google
Photo Credit : Google

အရေပြားပေါ်က အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့အပြင် ဘီယာမှာပါတဲ့ ဓာတ်ပါဝင်တာကြောင့် ဝက်ခြံတွေရှိရင်လည်း ဘီယာနဲ့ သုတ်လိမ်းပေးရင် သက်သာစေတယ်လို့ဆိုပါတယ်။

နောက်အသားအရေစိုထိုင်းဆကိုလည်း ညီမျှစေတာကြောင့် အရေပြားခြောက်တာတွေ၊ အဆီပြန်တာတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့အပြင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Photo Credit : Google
Photo Credit : Google

ချွေးပေါက်တွေထဲ အညစ်အကြေး ဝင်တာတွေကိုလည်း ဘီယာနဲ့ သုတ်လိမ်းဆေးကြောပေးရင် သန့်စင်ကြည်လင်တဲ့ အရေပြားကို ပိုင်ဆိုင်နိုင်မှာပါ။

အကုန်အကျခံနိုင်သူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ ဘီယာနဲ့ ရေစိမ်ချိုးပေးရင် အရေပြားအတွက်ရော ဆံပင်အတွက်ပါ ကောင်းကျိုးရှိမယ်လိုဆိုလိုပါတယ်။

Photo Credit : Google
Photo Credit : Google

Source : သုတအဖြာဖြာ

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T