လူကို ပိန်ပိန်သွယ်သွယ်လေး ဖြစ်သွားစေမယ့် အဝတ်အစား Fashion များ

//s9.kh1.co/08/082562d55cefee67d036bb8bf3c27bc870178589.jpeg
ဗဟုသုတအဖြာဖြာ

 ၂၇-လိုင်-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

လူကိုပိုကြည့်ကောင်းစေအောင်၊ ပိုကြည့်ရဆိုးစေအောင် အဲ့ဒီလူရဲ့ ဖက်ရှင်က ပြောင်းလဲပစ်လိုက်နိုင်တာမို့ ....

လူတစ်ယောက်အတွက် ဖက်ရှင်ဒီဇိုင်းဟာ သိပ်အရေးကြီးပါတယ်။ လူကိုပိုကြည့်ကောင်းစေအောင်၊ ပိုကြည့်ရဆိုးစေအောင် အဲ့ဒီလူရဲ့ ဖက်ရှင်က ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ ဒါ့အပြင် လူကို ပိန်ပိန်သွယ်သွယ်လေးဖြစ်အောင်လည်း ထိုသူရဲ့ ဖက်ရှင်စတိုင်လ်ကပဲ ဖန်တီးပစ်လိုက်နိုင်ပါတယ်။ ကဲ ဒီတော့ ပိန်သွယ်သယောင်ဖြစ်အောင်ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။

အစင်းတွေ ဝတ်ဆင်ပါ။

https://s9.kh1.co/__image/w=550,h=831,q=100/e5/e5cfc779325330d087058e7094ab8f20ea285b2f.jpeg

အစင်းလိုဆိုရာမှာ ဒေါင်လိုက်အစင်းတွေက ရှိရင်းစွဲခန္ဓာကိုယ်အရွယ်အစားထက် ပိုမိုပိန်သွယ် သယောင်ဖြစ်စေပါတယ်။

ခါးပတ် ပတ်ပါ။

https://s9.kh1.co/__image/w=650,h=975,q=100/21/217e91929af5eb108bd2d5b52242a77067858e1b.jpeg

ခန္ဓာကိုယ်လေး ပိန်သယောင်ဖြစ်စေဖို ခါးပတ်ဘပတ်ဖိုလည်းလိုပါတယ်။ အမျိုးသမီးတော်တော်များများဟာများသောအားဖြင့် ခါးနေရာကတော့ သိမ်ကြတာများပါတယ်။ ဒါ့ကြောင့် တီရှပ်တွေကလွဲရင် ကျန်တဲ့ Fashion တိုင်းကို ခါးပတ်လေးနဲ့ တွဲဝတ်သင့်ပါတယ်  ။

ကိုယ်နဲ့လိုက်ဖက်တဲ့ ဒေါက်ဖိနပ်အမြင့် တွေစီးပါ။

https://s9.kh1.co/__image/w=650,h=304,q=100/b6/b6867569e610679c47224e1a185b4c95defd552b.jpeg

ဒေါက်ဖိနပ် Heel တွေက ကိုယ်ခန္ဓာကို ပိန်သွယ်သယောင်ရှိစေရုံမကပဲ လမ်းလျှောက်တဲ့အခါတိုင်းလည်း smart ပိုကျစေပါတယ်

ကိုယ့်ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်တဲ့ အဝတ်အစားကိုသာ ရွေးချယ်ပါ။

https://s9.kh1.co/__image/w=650,h=907,q=100/39/392aeb807034651303860254e1c82ec215a41816.jpeg

ပိန်သွယ်သယောင်ဖြစ်စေဖိုအတွက် အဝတ်အစားကို ကိုယ့်sizeထက် ကြီးတဲ့ဟာမျိုးတွေ မရွေးချယ်ပါနဲ့။ အဲ့ဒီလိုဆိုက်ကြီးတွေ ဝတ်လိုက်ရင် ကြည့်ရတဲ့သူအတွက် တော်တော်ကိုဆိုးစေတဲ့အပြင် ရှိရင်းစွဲထက် ပိုဝတယ်လိုတောင်ထင်သွားစေနိုင်တာကြောင့်ပါ။ဒါကြောင့် ကိုယ်နဲ့ Fit ဖြစ်မယ့် Size ကိုသာ ရွေးချယ်သင့်ပါတယ်။

Photo Credit : Google Source : Trending

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T