အသင်းဟောင်းကို သစ္စာရှိခဲ့ပေမယ့် အသင်းဟောင်း ရဲ့ ချစ်ခြင်းကိုမခံခဲ့ရတဲ့ ရော်နယ်ဒို

//s9.kh1.co/a9/a97fcf7c522b17cf3296f17387a124b24f1fdb2d.jpg
အားကစားသတင်းများ

 ၀၇-လိုင်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

မန်ချက်စတာယူနိုက်တက် ကို တစ်ကျော့ပြန် ပြန်လာခဲ့ပေမယ့် အသင်းအနေနဲ့ကတော့ ပြန်လည်ရောင်းချ....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဘောလုံးအားကစားနဲ့ ပတ်သက်လာရင် ဆရာတစ်ဆူလို့ ပြောလို့ရလောက်တဲ့အထိကို ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဘောလုံးအကျော်အမော် စီရော်နယ်ဒို ကတော့ သူ့ရဲ့ ငယ်ဘဝ ဖြတ်သန်းရာ မန်ချက်စတာယူနိုက်တက်မှာ ပြန်လည် ကစားနေခဲ့ပြီး အခုဆိုရင် (၁၀) လကျော် ကာလအတွင်းသို့ရောက်ရှိနေပြီဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

စီရော်နယ်ဒို ကို မန်ချက်စတာယူနိုက်တက်အသင်း က (၂၀၂၁)ခုနှစ် ၊ ဩဂုတ်လ က ပေါင် သန်း(၂၀)ဖြင့် ဝယ်ယူခဲ့ပြီး ရော်နယ်ဒို မန်ယူကို ပြန်လာခဲ့ခြင်းဟာ ဟိုးယခင် နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် အတွက် ကျေးဇူးဆပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရော်နယ်ဒို ဟာ မန်ယူအသင်းအပေါ် အဲ့သလို သစ္စာရှိခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် ကတော့ ရော်နယ်ဒို ကို ပြန်လည်ရောင်းချတော့မယ်လို့ ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်း ဟာ ရော်နယ်ဒို အား ယူရို ၁၅ သန်း (ပေါင် ၁၃ သန်း) ရလျှင် ရောင်းချသွားမှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီသတင်းဟာ မန်ယူပရိသတ်တွေအတွက်တော့ တကယ်ကို ရင်ကွဲစရာ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T