လေယာဥ်နဲ့ အပြိုင်မောင်းရင်း အသက်ပါပေးဆပ်ခဲ့ရတဲ့ အမျိုးသား

//s9.kh1.co/bc/bc91c93e5de5a4599517f0897375e338d61e75d5.jpg
နေ့စဉ်သတင်းများ

 ၀၄-လိုင်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

 

ပြီးခဲ့တဲ့ရက်ပိုင်းက လေယာဥ် နဲ့ ပြိုင်မောင်းခဲ့တဲ့ ထရပ်ကားတစ်စီးဟာ မတော်တဆဖြစ်ပြီး ယာဥ်မောင်းသေဆုံးမှုဖြစ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာတော့ အသက် ၄၀ အရွယ် Chris Darnell ဆိုသူဟာ Shockwave Jet Truck လို့ အမည်ပေးထားတဲ့ သူ့ရဲ ပြိုင်ကားထရပ်ကားဖြင့် အမေရိကန်၊ မစ်ရှီဂန်ရှိ Battle Creek မှာ လေယာဥ်နဲ့ ပြိုင်မောင်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Daily Star
Photo Credit - Daily Star
Photo Credit - Daily Star
Photo Credit - Daily Star

သူ့ရဲ့ ထရပ်ကားက မြင်းကောင်ရေ ၃၆၀၀၀ နှင့် မီးတန်ချိန် ၂၁၀၀၀ ပေါင်ကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူဟာ တစ်နာရီကို မိုင် ၃၅၀ နှုန်းထိ လေယာဥ်ကို ကျော်တက်သွားအောင် မောင်းနိုင်ခဲ့ပေမယ့် ပေ ၃၀၀ အကွာ ပြေးလမ်းအတွင်းမှာ မတော်တဆဖြစ်ပြီး တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Daily Star
Photo Credit - Daily Star
Photo Credit - Daily Star
Photo Credit - Daily Star

ပြိုင်ကားထရပ်ကားဟာ အရှိန်းပါတာကြောင့် ပေါက်ကွဲကာ တဆစီလွှင့်စင်ထွက်သွားပြီး ယာဥ်မောင်း Chris Darnell က နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ Field of Flight board အဖွဲ့ဝင် Ryan Traver က မတော်တဆမှု ဖြစ်ပွားချိန်မှာ သေဆုံးသူရဲ့ မိသားစုမှာ ထိုနေရာမှာ ရှိနေခဲ့တာပါ။ အဆိုပါဖြစ်ရပ်ကတော့ အင်တာနက်ပေါ် ပျံ့နှံ့သွားခဲ့ပြီး လူအများအပြားက စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

သတင်း အရင်းအမြစ်Source - Daily Star


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T