နှစ်ဖက်မိသားစုတွေ စုံစုံလင်လင်နဲ့ ညစာ အတူတူစားနေကြတဲ့ YaYa နဲ့ Nadech

//s9.kh1.co/63/63aacaf0a2a04c21c5fc91272473f616a45ae122.jpg
အနုပညာရှင်များ

 ၀၄-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

နှစ်ဖက်မိဘတွေတောင် တွေ့ဆုံနေကြပြီတဲ့ ... မကြာခင် မင်္ဂလာသတင်းလေး ကြားရတော့မယ်

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ ထိုင်းမင်းသားချော Nadech နဲ့ ထိုင်းမင်းသမီးချော Yaya တို့ကတော့ နိုင်ငံတကာက ပရိသတ်တွေ အားကျနေရတဲ့ Gold Couple လေးဖြစ်ပါတယ်။ နားလည် ယုံကြည်မှုအပြည်နဲ့ တည်ဆောက်ထားတဲ့ သူနှစ်ဦးရဲ့ Relationship သက်တမ်းကတော့ (၁၀) နှစ်ကျော်ရှိပြီပဲ ဖြစ်ပါတယ်။

Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com

နှစ်တွေအကြာကြီးလည်း ရှိပြီမို့ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ရွှေလက်တွဲမယ့် သတင်းကောင်းလေးကို စောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်။ ပွဲတွေတက်တိုင်း သတင်းထောက်တွေကလည်း သူတို့နှစ်ဦး ဘယ်တော့လက်တွဲ ဖြစ်မှာလည်းလို့ မေးမြန်းကြပေမယ့် လိုချင်တဲ့ အဖြေကိုတော့ မရခဲ့ကြပါဘူး။

Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com

လက်ရှိအချိန်ထိလည်း YaYa တို့ချစ်သူနှစ်ယောက်က နားလည်မှုအပြည့်နဲ့ရှေ့ဆက်နေပြီး နှစ်ဖက်မိဘတွေနဲ့လည်း ချစ်ခင်ရင်းနှီးကြတာဖြစ်ပါတယ်။ မနေ့ကလည်း နှစ်ဖက်မိသားစုတွေ စုံစုံလင်လင်နဲ့ ညစာ အတူတူစားနေကြတာပဲ ဖြစ်ပါတယ်။ နှစ်ဖက်မိဘတွေ တွေ့ဆုံနေကြတာကြောင့် ပရိသတ်တွေကလည်း မကြာခင်မင်္ဂလာသတင်းကြားရတော့မယ်လို့ ခန့်မှန်းနေကြတာလည်း ဖြစ်ပါတယ်။

Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com
Photo Credit : daradaily.com

သတင်း အရင်းအမြစ်daradaily.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T