ဆံပင်ပုံစံအသစ်နဲ့ရုပ်ပြောင်းသွားတဲ့ ခိုင်နှင်းဝေကို မမှတ်မိဘဲဖြစ်နေတဲ့ သူမရဲ့သားသမီးများ

//s9.kh1.co/dd/dd197f9f22aa38321018b419a383680f249fae68.jpg
အနုပညာရှင်များ

 ၀၄-လိုင်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ဆံပင်ပုံစံအသစ်နဲ့ရုပ်ပြောင်းသွားတဲ့ ခိုင်နှင်းဝေကို မမှတ်မိဘဲဖြစ်နေတဲ့ သူမရဲ့သားသမီးများ

ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အနယ်နယ်အရပ်ရပ်က ရင်သွေးငယ်လေးများကို မိခင်ရင်းတစ်ယောက်လိုမျိုး ပြုစုစောင့်ရှောက်မှုပေးနေတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ရင်သွေးလေးများ ဂေဟာဖွင့်ထားခဲ့တဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေဆီကိုရောက်ရှိနေတဲ့ ကလေးငယ်လေးတွေ တော်တော်လေး များနေပြီပဲဖြစ်ပါတယ်။ မကြာသေးမီက ခိုင်နှင်းဝေက ရိုက်ကူးရေးတစ်ခုအတွက် ဆံပင်ပုံစံကို အဖြူရောင်ပြောင်းလဲထားပြီး အတို ညှပ်ထားတဲ့ ပုံမှန်ရှိရင်းစွဲ မျက်နှာပုံစံနဲ့ တခြားစီပုံစံမျိုး ဖန်တီးထားခဲ့ပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook
Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

ပုံစံပြောင်းထားတဲ့ ခိုင်နှင်းဝေရဲ့ မျက်နှာက လုံးဝကို ထူးခြားနေတာကြောင့် ပရိသတ်တွေက ဒါ ခိုင်နှင်းဝေမှ ဟုတ်ရဲ့လားဆိုပြီး မေးခွန်းတွေ မေးထားကြပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook
Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

  လူကြီးတွေတောင် ခိုင်နှင်းဝေမှန်း မသိရတဲ့ မျက်နှာပုံစံနဲ့ ကလေးတွေဆီကို ရောက်သွားခဲ့ရင် ဘယ်လိုမျိုး ဖြစ်မလဲဆိုပြီး ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။ ယမန်နေ့မှာတော့ ခိုင်နှင်းဝေက ရုပ်ဖျက်ပြီး ဂေဟာကို ရောက်သွားတဲ့ သူမရဲ့ ဗီဒီယိုလေးကို တင်ပေးလာပါတယ်။

ဗီဒီယိုထဲမှာ သားလေးတွေ သမီးလေးတွေက သူတို့ရဲ့ မေမေ ခိုင်နှင်းဝေကို မမှတ်မိဘဲ ကြောင်ပြီး ကြည့်နေကြတာပါ။ ဘယ်သူကြီးလဲဆိုပြီး မမှတ်မိဘဲ ကြောင်ပြီး ကြည့်နေကြတဲ့ ကလေးငယ်လေးတွေရဲ့ ဗီဒီယိုလေးက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးပြီး လူစိတ်ဝင်စားမှု များလျက်ရှိပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T