မြန်မာ Fan တွေ ပို့လိုက်တဲ့ လက်ဆောင်လေးကို ပေးရသူတွေကျေနပ်သွားအောင် ပြုလုပ်ပေးခဲ့တဲ့ Suzy

//s9.kh1.co/73/731dbfb6897ca29c0f2eff11c8b7e0131087a2c0.jpg
အနုပညာရှင်များ

 ၀၄-လိုင်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ချစ်ဖို့ကောင်းလိုက်တဲ့ Suzy လေး .. သူမရဲ့ ပုံတူ ကျောက်ပန်းချီကားလေးကို အထူးတလည်နဲ့ ....

Kpop ဂီတလောကမှာ နေရာတစ်နေရာရထားပြီး သရုပ်ဆောင်ဘက်မှာလည်း အရမ်းကိုအောင်မြင်နေတဲ့ သူလေးကတော့ Bae Suzy ပဲ ဖြစ်ပါတယ်။ Suzy လို့ လူသိများတဲ့ သူမကတော့ အရင်က Miss A အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အခုတော့ တစ်ကိုယ်တော်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ အဆိုလည်းကောင်းသလို အကလည်းတော်သူဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်းထူးချွန်သူလေးဖြစ်ပါတယ်။  သူမရဲ့ Dream High, Gu Family Book, While You were sleeping,  စတဲ့ ရုပ်ရှင်တွေကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးရေးပန်းစားခဲ့ပါတယ်။

Photo Credit : Bae Suzy 배수지 - Myanmar Fans
Photo Credit : Bae Suzy 배수지 - Myanmar Fans
Photo Credit : Bae Suzy 배수지 - Myanmar Fans
Photo Credit : Bae Suzy 배수지 - Myanmar Fans

အခုဆိုရင် Suzy ရဲ့ အနုပညာပွဲဦးထွက် သက်တမ်းဟာဆိုရင် (၁၂) နှစ်ပြည့်ခဲ့တာဖြစ်ပြီး တစ်နှစ်တစ်ခြား ပိုပိုအောင်မြင်လာခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ပွဲဦးထွက် (၁၂) နှစ်ပြည့်လေးအတွက်ဂုဏ်ပြုပွဲတွေ ကျင်းပပေးသလို လက်ဆောင်တွေလည်း ပို့ပေးခဲ့ကြပါတယ်။ နိုင်ငံတကာက Unnie ကို လက်ဆောင်တွေပို့ပေးကြတဲ့အပြင် မြန်မာနိုင်ငံက Fan တွေကလည်း Unnie အတွက် သူမနဲ့ ပုံတူကျောက်ပန်းချီလေးနဲ့အတူ မြန်မာ snacks လေးတွေကို (eng language နဲ့ ရေးထားတဲ့ postcard) လေးနဲ့အတူ ပို့ပေးခဲ့ကြပါတယ်။

Photo Credit : Bae Suzy 배수지 - Myanmar Fans
Photo Credit : Bae Suzy 배수지 - Myanmar Fans
Photo Credit : Bae Suzy 배수지 - Myanmar Fans
Photo Credit : Bae Suzy 배수지 - Myanmar Fans

Myanmar SUEWEETIES လေးတွေ SUZY ဆီပို့ပေးတဲ့ Anni Gift လေးက သူမရဲ့အေဂျင်စီဖြစ်တဲ့ SOOP Entertainment ဆီကို ချောချောမွေ့မွေ့နဲ့ ရောက်သွားခဲ့ပါပြီ။ Unnie ကိုယ်တိုင်ကလည်း သူမလက်ခံ ရရှိကြောင်းကို ပန်းချီကားလေးကို သူမရဲ့ Instagram မှာတင်ပြီး ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။ “ကျွန်မရဲ့ ပွဲဦးထွက် (၁၂) နှစ်ပြည့်လေးကို ဂုဏ်ပြုပေးကြတဲ့ Fan လေးတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ကျန်းကျန်းမာမာနဲ့ ရှေ့ဆက်ပြီးကောင်းမွန်တဲ့အရာတွေကို ပရိသတ်တွေကို ချပြသွားပါ့မယ်။ I Love You” ဆိုပြီး ပန်းချီကားပုံ တစ်ပုံထဲကို အထူးတလည်နဲ့ သီးသန့်ခွဲးပြီး တင်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit : Bae Suzy 배수지 - Myanmar Fans
Photo Credit : Bae Suzy 배수지 - Myanmar Fans
Photo Credit : Bae Suzy 배수지 - Myanmar Fans
Photo Credit : Bae Suzy 배수지 - Myanmar Fans

သတင်း အရင်းအမြစ်Bae Suzy 배수지 - Myanmar Fans

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T