အသက် ၂၅ နှစ်ပြည့်မွေးနေ့လေးမှာ မိသားစုနဲ့အတူတူ ကောင်းမှုကုသိုလ်လေးတစ်ခု ပြုလုပ်ခဲ့တဲ့ မင်းသန့်မောင်မောင်

//s9.kh1.co/80/805a27b0a4d85454ac9ef0af3879238e99831457.jpg
အနုပညာရှင်များ

 ၀၄-လိုင်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.


ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ မင်းသမီးချော မေသန်းနုတို့ရဲ့တစ်ဦးတည်းသောသားလေး ဖြစ်တဲ့ မင်းသန့်မောင်မောင်ကို ပရိသတ်တွေသိကြမယ်လို့ ထင်ပါတယ်။ မင်းသန့်မောင်မောင်ဟာနိုင်ငံခြားမှာ ရုပ်ရှင်ပညာတွေကို သွားရောက်သင်ကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ဒါရိုက်တာ တစ်ယောက်အဖြစ်လည်း လုပ်ကိုင်သလို သရုပ်ဆောင်အနေနဲ့လည်း တွေ့လာရပါတယ်။

Photo Credit - Zin Yaw Mg Mg
Photo Credit - Zin Yaw Mg Mg
Photo Credit - Zin Yaw Mg Mg
Photo Credit - Zin Yaw Mg Mg
Photo Credit - Zin Yaw Mg Mg
Photo Credit - Zin Yaw Mg Mg

သူသင်ကြားလာခဲ့တဲ့ ပညာရပ်တွေနဲ့ ဖခင်ကြီးဆီမှာ ဆည်းပူးရရှိခဲ့တဲ့ ပညာများပေါင်းစပ်ပြီး မတူညီတဲ့ အနုပညာတွေကို ဖန်တီးနိုင်အောင် ကြိုးစားလျှောက်လှမ်းနေ သူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖခင်ကြီးနဲ့အတူ အနုပညာအလုပ်တွေကို ပူးတွဲလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ယမန်နေ့ကတော့ မင်းသန့်မောင်မောင်ရဲ့ အသက် ၂၅ နှစ်ပြည့် မွေးနေ့လေးကို ကျရောက်ခဲ့ပါတယ်။

Photo Credit - Zin Yaw Mg Mg
Photo Credit - Zin Yaw Mg Mg
Photo Credit - Zin Yaw Mg Mg
Photo Credit - Zin Yaw Mg Mg

မွေးနေ့ရက်မြတ်လေးမှာတော့ ဖခင်ကြီး စင်ရော်မောင်မောင်က ကြည်နူးစရာပုံရိပ်တချို့ကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ မွေးနေ့အတွက် "အောင်ဆန်းတောရတပ်ဦး"ကျောင်းတိုက်မှ ကျောင်းရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မွေးနေ့အလှူလေးမှာ မိသားစု ၃ ဦး စုံလင်စွာ အတူတူကုသိုလ်ပြုခဲ့ကြတာ တွေ့ရပါတယ်။ ကဲ.. ပရိသတ်ကြီးရေ အသက် ၂၅ နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသန့်မောင်မောင်ကို မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ပါဦး။

Photo Credit - Zin Yaw Mg Mg
Photo Credit - Zin Yaw Mg Mg

သတင်း အရင်းအမြစ်Source - Zin Yaw Mg Mg


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T