တုန်နေအောင်ချစ်နေတဲ့ မောင်လေးကြောင့် အချစ်ရေး ကံကောင်းတဲ့သူလို့ သတ်မှတ်ထားခံနေရတဲ့ မင်းးသမီးGong Hyo Jin

//s9.kh1.co/79/7994637550f204050e75af0325095667328c9f9f.png
အနုပညာရှင်များ

 ၀၃-လိုင်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

ချောမောလွန်းလှတဲ့ရုပ်ရည်လေးကြောင့် လူစိတ်ဝင်စားမှုမြင့်တတ်နေတဲ့ မမ Gong Hyo Jin ရဲ့ ချစ်သူကောင်လေး အကြောင်း

တောင်ကိုရီးယားမင်းသမီး Gong Hyo Jin ဟာဆိုရင် ကောင်းမွန်ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် တောင်ကိုရီးယား အနုပညာလောကမှာ နေရာတစ်နေရာ ရရှိထားတဲ့သူဖြစ်ပါတယ်။ Gong Hyo Jin က အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး အခုအချိန်အထိ လက်မထပ်ရသေးတဲ့ သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/39/39a612d3fb539aadb41082999ae3b41ef02c54f8.jpeg

ဒါပေမယ့်လည်း မမ Gong Hyo Jin ရဲ့ မင်္ဂလာပွဲကို မကြာခင်မှာ မြင်တွေ့ရတော့မှာလို့ သိရပါတယ်။Gong Hyo Jin က သူမထက် အသက် ၁၀နှစ်ငယ်တဲ့ အမေရိကန် - တောင်ကိုရီးယားကပြား လူမျိုးလေးနဲ့ တွဲနေတာဖြစ်ပါတယ်။ သူတို့နှစ်ဦး မကြာခင်မှာ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/41/41faa8da7dc878a2efb753c337632513091907e0.jpg

Gong Hyo Jin ရဲ့ ချစ်သူကောင်လေးက ရုပ်လေးချောတဲ့အပြင် အသက်လေးပါငယ်ရွယ်လွန်းနေတာကြောင့် ပရိသတ်တွေ အများအပြားရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။မမ Gong Hyo Jin ရဲ့ ကောင်လေး နာမည်က Kevin Oh ဖြစ်ပြီး အသက်က ၃၂ နှစ်ရှိပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=640,q=100/39/3926ddd1807e9e017a028f283d93eefb68dd71c2.png

Kevin Oh က အမေရိကန်နိုင်ငံ ၊ Long Island မှာမွေးဖွားခဲ့တဲ့ သူဖြစ်ပြီး ကိုရီးယားနိုင်ငံမှာ အနုပညာ အလုပ်တွေ လာလုပ်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=982,q=100/2d/2deae561aa91a6de5acc08fe86da26d79996b00c.png

ဘာသာစကားအနေနဲ့ ကိုရီးယား ၊ တရုတ် နဲ့ အင်္ဂလိပ် ၃ မျိုး ပြောတတ်တဲ့ Kevin Oh ဟာဆိုရင် ချမ်းသာတဲ့ မိသားစုကနေ ဆင်းသတ်လာတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=425,q=100/00/001317531601866c8ca4c334a23f2c862fb71c8c.jpg

အဆိုတော်အနေနဲ့ အယ်ဘမ်ပေါင်း ၁၃ ခုတိတိ ထွက်ရှိခဲ့ပြီးတဲ့ Kevin Oh ဟာ ၂၀၁၆ ခုနှစ်ကတည်းက တစ်ကိုယ်တော် အဆိုတော်အဖြစ် စတင်ရပ်တည်ခဲ့တဲ့သူဖြစ်ပါတယ်။အသက်ငယ်ရွယ်ပေမယ့် မမ Gong Hyo Jin ကို တုန်နေအောင်ချစ်တာကြောင့် ပရိသတ်တွေက Gong Hyo Jin ကို အချစ်ရေး ကံကောင်းတဲ့သူလို့ သတ်မှတ်ထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=385,q=100/92/9200672f3a4bb2b43e299717568c7079200482ab.jpeg

အခုဆိုရင် သူတို့ စုံတွဲလေးက လက်ထပ်ပြီးရင် အတူနေထိုင်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံမှာ ဈေးအမြင့်ဆုံး အိမ်တောင် ဝယ်ယူဖို့ တွေးထားကြတယ်လို့ သိရပါတယ်။ ချစ်ဖို့ကောင်းတဲ့ မနဲ့မောင် စုံတွဲလေးဖြစ်တဲ့ Gong Hyo Jin နဲ့ Kevin Oh တို့ စုံတွဲလေးအကြောင်းကို ချစ်စဖွယ်လေး ဝေမျှပေးလိုက်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T