Thor ဇာတ်ကားသစ်ရဲ့ Cover မှာ ပါဝင်တဲ့အထိအောင်မြင်နေတဲ့ Twice အဖွဲ့က Jihyo

//s9.kh1.co/4e/4ed5f57199eaad177f0580b7c9f6e2c7e135275a.jpg
အနုပညာရှင်များ

 ၀၃-လိုင်-၂၀၂၂ ၈am · လွန်ခဲ့သော ၂ နှစ် က

Thor ဇာတ်ကားသစ်ရဲ့ Coverမှာပါဝင်တဲ့အထိ အောင်မြင်နေတဲ့ Twice အဖွဲ့က Jihyo

Marvel ဆိုတာကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး Studio တစ်ခုဆိုတာအားလုံးသိပြီးဖြစ်မှာပါ။ Marvel ရဲ့ Superhero ဇာတ်ကားတွေဟာဆိုရင်လည်း ကမ္ဘာမှာ မသိတဲ့လူနည်းပြီး တော်တော်လေးကို အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/95/951994ea6b3102a56111763e453708d9d2a3f64b.jpg

THOR လို့ပြောလိုက်ရင် တူအကြီးကြီးကိုင်ထားတဲ့ မိုးကြိုးနတ်ဘုရားမှန်းသိကြမှာပါ။ အခုဆိုရင် Thor ရဲ့ဇာတ်ကားအသစ်ဖြစ်တဲ့ 'Thor: Love and Thunder' ထွက်ရှိလာတော့မှာပါ။မထွက်ခင်ထဲက အားပေးတဲ့လူ များတဲ့အဲ့ဒီကားဟာဆိုရင် ကိုရီးယားမှာလည်း ကြည့်ရဖို့စောင့်နေကြပါပြီ။

https://s9.kh1.co/__image/w=650,h=963,q=100/a5/a5056aa9a97548182615aa47a0f399251b5edbd5.webp

အခုလည်း TWICE အဖွဲ့ဝင် Jihyo ဟာ '1st Look' မဂ္ဂဇင်း မျက်နှာဖုံးအတွက် Marvel ရဲ့ အသစ်ထွက်မယ့် ဇာတ်ကားအသစ် 'Thor: Love and Thunder' နဲ့ ပူးပေါင်းတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ဓာတ်ပုံအတွက် Jihyo ဟာ 'Thor: Love and Thunder' မှာ Natalie Portman သရုပ်ဆောင်ထားတဲ့ Mighty Thor ဆိုတဲ့စူပါဟီးရိုးအသစ် နေရာမှာ ရိုက်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/43/432cabcd28ad5a9a53442c57b9c8fd5647e1d7ae.jpg

Jihyo ရဲ့ ပုံတွေကို '1st Look' မဂ္ဂဇင်းရဲ့ Instagram မှာတင်ထားပြီး Mighty Thor ရဲ့ ကိုရီးယားဗားရှင်းအဖြစ် ရိုက်ထားတဲ့ပုံတွေကို ကြည့်ပြီး ကြိုက်နှစ်သက်ကြပါသလား။'Thor: Love and Thunder' ကိုတော့ နောက်လ ၆ ရက်နေ့မှာ တစ်ကမ္ဘာလုံးမှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T