ရုပ်ရည် ချောမောလှပတဲ့အပြင် ဟာသဉာဏ် ကွန့်မြူးတဲ့ K-pop Idol ၃ ယောက်

//s9.kh1.co/e4/e4bcd47cf51149e6c120008554428416e8d8082a.jpg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၂ ၈pm · လွန်ခဲ့သော ၂ နှစ် က

.

K-pop Idol တွေဟာ ပရိသတ်တွေဆီကို သူတို့ရဲ့ အကောင်းဆုံးပုံရိပ် ပြသဖို့အတွက် ကြိုးစားလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ သူတို့ရဲ့ ထူးခြားတဲ့ ရုပ်အသွင်အပြင်ကို လုံးဝဂရုမစိုက်ဘဲနဲ့ သွားလေရာမှာ သူတို့ရဲ့ ရယ်မောစရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတာကို ပြသလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/a0/a026a5634346cc9a46729f785f175d8aa4238d62.webp

Cha Eun Woo (ASTRO)

Cha Eun Woo က အရမ်းချောပြီး လူကြိုက်များတဲ့ သူတစ်ယောက် ဖြစ်တာကြောင့် ရယ်မောဖွယ်ရာလုပ်ရပ်တွေ မလုပ်နိုင်ဘူးလို့ လူတွေကပြောကြပေမယ့် တကယ်တမ်းမှာတော့ Cha Eun Woo ကသူ့ပုံသဏ္ဍာန်ကို လျစ်လျူရှုထားပုံရပါတယ်။ သူဟာ ရယ်မောဖွယ်ဟာသများပြုလုပ်လေ့ရှိပြီး အကုန်လုံးကို ရယ်မောစေတတ်သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/69/693f098250a5a33e0167e87e01685b251bae9dd1.webp

Lisa (BLACKPINK)

မကြာသေးမီက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတဲ့ Celine ဖက်ရှင်ရှိုးမှာ Lisa ရဲ့ ပွဲတက်မှုကြောင့် လူပြောများလာခဲ့ပါတယ်။ အမျိုးသမီး idol ဖြစ်တဲ့ Lisa က Celine ပွဲအပြီးမှာ လွတ်လွတ်လပ်လပ်နဲ့ ခပ်မိုက်မိုက် ကပြခဲ့ပါတယ်။ "Lalisa" MV မှာတုန်းက ဝင့်ကြွားခဲ့တဲ့ sexy pole-dancing နဲ့ မတူတဲ့ Celine ပါတီက Lisa ရဲ့ အကတွေဟာ သူမရဲ့ ပရိသတ်တွေကို တုန်လှုပ်စေခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/06/0689747601faaac7dad859fc3ea1c7b31ec764de.webp

V (BTS)

Lisa လိုပဲ V ကလည်း Celine ပွဲမှာ သူရဲ့ အသွင်အပြင်နဲ့အတူ လူတွေရဲ့ အာရုံစိုက်စရာဖြစ်နေသူတစ်ယောက်ပါ။ အမျိုးသား idol ဖြစ်သူ V ရဲ့ ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်က “The Most Handsome Man" အဖြစ် အရွေးချယ်ခံရတယ်ဆိုတာက အငြင်းပွားစရာမရှိပါဘူး။ ဒါပေမယ့် V က ရယ်မောစရာ အမူအရာတွေနဲ့လည်း ကျော်ကြားသူတစ်ယောက်ပါ။ သန်းပေါင်းများစွာသော ပရိသတ်တွေနဲ့အတူ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုတစ်ခုမှာ V က ကင်မရာရှေ့မှာ အိပ်မောကျနေခဲ့ပြီး သူ့ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အချိန်တန်ရင် သူ့ကိုနှိုးပေးဖို့  ပရိသတ်တွေကို ပြောကြားခဲ့ပြီး အိပ်မက်ဆန်ဆန် တိုက်ရိုက်ထုတ်လွှင့်မှုအပိုင်းကို ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။

source - kbizoom

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T