၁၅ နှစ်သားတစ်ဦး ဖမ်းမိခဲတဲ့ ရှားပါး ငါးတစ်ကောင်

//s9.kh1.co/88/88cb2c5e93f058b71e26d7ad11970ba4dde5ccf3.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-လိုင်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

အသက် ၁၅ နှစ်အရွယ် Edwards Tarumianz ဆိုသူက ဇွန် ၂၈ ရက် နံနက်ပိုင်းမှာ ရှုခင်းသာမြို့ငါးဖမ်းလုပ်ငန်းအတွက် လမ်းပြတစ်ဦးဖြစ်တဲ့ ကပ္ပတိန် Richard Simms နဲ့အတူ ငါးမျှားနေရင်ကနေ ထူးထူးခြားခြား ငါးကို ဖမ်းမိခဲ့ပါတယ်။ အဲ့တာကတော့ တစ်ကောင်လုံး အဖြူရောင်ဖြစ်နေတဲ့ Leucistic ငါးတန်ပဲ ဖြစ်ပါတယ်။

Photo Credit - Field & Stream
Photo Credit - Field & Stream

ဒီလိုအဖြူရောင်ငါးတန်ဟာ တစ်သက်မှာ တစ်ခါတောင် မြင်တွေ့ရခဲတဲ့ ငါးမျိုးပဲ ဖြစ်ပါတယ်။ ငါးတစ်ကောင်လုံးက အဖြူရောင်ဖြစ်နေပြီး သူ့ရဲ့ မျက်လုံးဟာ သွေးကြောများပါ ပန်းရောင်သန်းနေတယ်လို့ ဆိုပါတယ်။ ဒီငါးကို Tennessee မြစ်ထဲကနေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Field & Stream
Photo Credit - Field & Stream

Leucistic ငါးတန်ဟာ အများအားဖြင့် အဖြူရောင်ဖြစ်နိုင်ပေမယ့် သူ့ရဲ့မျက်လုံးများမှာ မကြာခဏ အရောင်ထွက်တတ်ပါတယ်။ ဒါဟာ ငါးမျိုးစိတ်တွေထဲမှာ အလွန်ရှားပါးတဲ့ ငါးတွေပဲ ဖြစ်ပါတယ်။ Edwards Tarumianz ဆိုသူ ဆယ်ကျော်သက်ကတော့ မြစ်အတွင်းကနေ အဆိုပါ ရှားပါးငါးအပြင် စုစုပေါင်း ငါးတန်နှစ်ကောင်ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Field & Stream
Photo Credit - Field & Stream

သတင်း အရင်းအမြစ်Source - Field & Stream

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T