သူအချစ်ဆုံး BTS အဖွဲ့ဝင်က ဘယ်သူဆိုတာကို ပြောပြခဲ့တဲ့ အမေရိကန် ရက်ပ်ပါ အဆိုတော် Cardi B

//s9.kh1.co/bf/bfccaf2afdb415219ac80f2604cd5f546d80e69a.jpg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

အရည်အချင်းရှိတဲ့ အမေရိကန် ရက်ပ်ပါ အဆိုတော် Cardi B ဟာ BTS ပရိတ်သတ်တစ်ယောက်ဆိုတာ တော်တော်များများ သိကြပါတယ်။ Cardi B ဟာ ၂၀၁၉ ခုနှစ် Billboard Music Awards မှာ BTS အဖွဲ့နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီးနောက်မှာတော့ BTS ဟာ ဘယ်လောက်နာမည်ကြီးကြောင်းနဲ့ လူအများက သူတို့ကို ဘာလို့ နှစ်သက်ကြတယ်ဆိုတာကို သိခဲ့တာဖြစ်ပါတယ်။

Cardi ရဲ့ သမီးဖြစ်သူ Kulture Kiari Cephus ကလည်း BTS ရဲ့ပရိသတ်တစ်ဦးဖြစ်ပြီး BTS ရဲ့ လက်မှတ်ရဖို့အတွက် မျှော်လင့်ခဲ့ကြောင်းကိုလည်း Cardi က ထုတ်ပြောဖူးပါတယ်။ Cardi က သမီးဖြစ်သူ BTS သီချင်းနားထောင်နေတဲ့ ဗီဒီယိုဖိုင်တွေကိုလည်း ဝေမျှခဲ့ပါသေးတယ်။ Cardi B ဟာ BTS အဖွဲ့နဲ့ တွေ့ဆုးပြီး ကတည်းက အကြိမ်ပေါင်းများစွာ သူ့ရဲ့ချစ်ခင်နှစ်သက်မှုကို ပြသခဲ့ပါတယ်။

ARMY တော်တော်များများကလည်း အမေရိကန် ရက်ပ်ပါ အဆိုတော် Cardi B ရဲ့ အကြိုက်ဆုံး BTS အဖွဲ့ဝင်က ဘယ်သူလဲလို့ သိချင်နေခဲ့ကြပြီး နောက်ဆုံးမှာတော့ အဖြေတစ်ခုရလာခဲ့ပါပြီ။ Cardin က သူ့ရဲ့ တွစ်တာအကောင့်ကနေ ပရိသတ်တွေနဲ့အတူ အမေးအဖြေကဏ္ဍကို ပြုလုပ်နေရင်း မေးခွန်းအမျိုးမျိုးကို ဖြေဆိုနေခဲ့တာပါ။

အဲ့ဒီထဲမှာမှ ပရိသတ်တွေက BTS ထဲက အကြိုက်ဆုံးအဖွဲ့ဝင်က ဘယ်သူလဲလို့ မေးတဲ့အခါမှတော့ာ  Cardi က Jimin ရဲ့ ဓာတ်ပုံနဲ့ အလျင်အမြန်ပဲ တုံ့ပြန်ခဲ့ပါတယ်။ ARMY တွေဟာလည်း Cardi ရဲ့ရွေးချယ်မှုအပေါ် သဘောကျ နှစ်သက်နေပြီး Cardi နဲ့ Jimin တို့ အနုပညာရှင်နှစ်ယောက်ရဲ့ collaboration ကို ပရိတ်သတ် တော်တော်များများ က စိတ်ကူးယဉ်နေကြတာ ဖြစ်ပါတယ်။

source - koreaboo

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T