ရုပ်ဖျက်ထားတာတောင် ထိပ်တန်းကြယ်ပွင့်တစ်ယောက် မှန်း သိသာလွန်းတဲ့ ဆောင်းဟေကို

//s9.kh1.co/56/56229b22d2f3fd69a94c556f7602c4631b7c61be.jpg
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

နာမည်ကြီး မင်းသမီး ဆောင်းဟေကိုက ပေါ့ပေါ့ပါးပါး သာမန် ၀တ်စုံနဲ့ လေဆိပ်မှာ ပေါ်လာခဲ့ပေမယ့် သူမရဲ့ လှပလွန်းတဲ့ အသွင်အပြင်က ပရိတ်သတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပါရီမြို့ကို ထွက်ခွာဖို့အတွက် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့တဲ့ ဆောင်းဟေကို ဟာ သူမရဲ့ မန်နေဂျာနဲ့ သက်တော်စောင့်ကို ကိုရီးယားမှာ ချန်ထားခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/c6/c69217da6485fd93e41d70012c86b6ccc1dbb60e.webp

တီရှပ်အဖြူ၊ အနက်ရောင် ရှပ်အင်္ကျီလက်ရှည်နဲ့ ဂျင်းဘောင်းဘီတို့ကို ရိုးရိုးရှင်းရှင်း ၀တ်ဆင်ထားတဲ့ ဆောင်းဟေကို ကို လေဆိပ်မှာ  သတင်းထောက် အများအပြားက ဝိုင်းရံထားပါတယ်။ သူမဟာ မျက်နှာတစ်ခုလုံးကို မမြင်ရအောင်လို့ ဘေ့စ်ဘောဦးထုပ်နဲ့ မျက်နှာဖုံးတို့ကို ဝတ်ဆင်ထားပေမယ့်လည်း သူမရဲ့ လှပမှုတွေကို ဖုံးကွယ်မရနိုင် ဖြစ်နေပါတယ်။

https://s9.kh1.co/__image/w=495,h=278,q=100/69/6907bacad684fe3d0cfe008d6700ffeba8eca77f.jpg

ဇိမ်ခံအမှတ်တံဆိပ် Fendi ရဲ့ သံတမန်ဖြစ်သူ ဆောင်းဟေကိုဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပတဲ့ Fendi FW22 Couture Fashion Show ကို ဇူလိုင် ၇ ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၉ နာရီခွဲ အချိန်မှာ တက်ရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်းဟေကိုဟာ နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ Kim Eun Sook ရဲ့ ဒရမ်မာအမျိုးအစား ဇာတ်ကား “The Glory” ကို ရိုက်ကူးနေပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/92/920562b567a7e5dc6ae8d94d2e6531e2b4a0b3c6.jpg

“The Glory” ဟာ ဗိသုကာပညာရှင်တစ်ဦး ဖြစ်ဖို့အတွက် အိပ်မက်မက်ခဲ့တဲ့  အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် “Descendants of the Sun” ပြီးနောက် Song Hye Kyo နှင့် Kim Eun Sook တို့ရဲ့ ပထမဆုံး ပြန်လည်ဆုံစည်းမှုဖြစ်တဲ့ “The Glory” ဟာ ရုံမတင်မီအချိန်မှာတင် ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်များစွာရရှိနေပြီ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/cf/cfa4346ceca8999e2314a91f68476ddaf02ef833.jpg

source - kbizoom

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T