Hyun Bin ဟာကိုယ်ဝန်ရှိနေတဲ့ Son Ye Jin ကိုအပန်းဖြေခရီးခေါ်သွားခဲ့ကြောင်း ကောလာဟလများထွက်နေ..

//s9.kh1.co/e4/e4ebee9d8c1b5c8b61410e2697396fac9eb2d109.jpg
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

Jeju ရှိ ကော်ဖီဆိုင်တစ်ခုဟာ Hyun Bin အော်တိုထိုးထားတဲ့ ဓာတ်ပုံကို...

Hyun Bin ဟာ မကြာသေးခင်ကမှ Jeju ကိုသွားခဲ့ဖူးပေမယ့် Son Ye Jin က သူနဲ့အတူရှိနေခဲ့လား ဆိုတာသိချင်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/f1/f137b515cbf0d405b3857fe7d967004207311e00.png

Son Ye Jin က မကြာသေးမီကသူမရဲ့ Instagram မှကြေငြာခဲ့တဲ့အတိုင်း သူနဲ့ Hyun Bin တို့ဟာမတ်လ 31 ရက်နေ့ကကျင်းပခဲ့တဲ့ "မင်္ဂလာပွဲ" ပြီးတဲ့နောက် 3 လအကြာမှာ သူမနှင့် Hyun Bin တို့ဟာ သူတို့ရဲ့ သားဦးကိုမျှော်လင့်နေကြပါတယ်။ ကိုယ်ဝန်သတင်းများထွက်ပေါ်ပြီးတဲ့နောက် သူတို့စုံတွဲနဲ့ ပတ်သက်တဲ့ သတင်းအပ်ဒိတ်တိုင်းဟာ အာရုံစူးစိုက်မှုများစွာရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=761,q=100/c9/c93d6097da6d4900fe4e5e51e923ee4873d0b171.jpg

အခုသီတင်းပတ် အစောပိုင်းက Hyun Bin ဟာ Son Ye Jin ကို Jeju ကျွန်းဆီ ခေါ်ဆောင်သွားခဲ့ကြောင်း ကောလာဟလတစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့်၊ Jeju ရှိ ကော်ဖီဆိုင်တစ်ခုဟာ Hyun Bin အော်တိုထိုးထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ SNS မှတစ်ဆင့် မျှဝေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/3d/3d22f19a0344475ed1e6058789cbb1ffdd4b0925.webp

မင်းသားက ဒီ ကော်ဖီဆိုင်ကို လာလည်ပြီး iced Americano ကို မှာခဲ့ကြောင်း နဲ့ လက်မှတ်တစ်စောင်ကို ချန်ထားခဲ့ကာ "ပျော်ရွှင်ပါစေ" ဟု ချိုသာစွာ ရေးသားခဲ့ကြောင်းဖော်ပြထားပါတယ်။ Hyun Bin ရဲ့ လက်မှတ်အောက်မှာ ရေးထားတဲ့ အချိန်တွေအရတော့ သူဟာ ဒီဇွန်လက Jeju ကို သွားခဲ့တာ တွေ့နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=395,q=100/fb/fb6917b7ef3fbbd6acb070116cba497ad195cc74.jpeg

ဒါကြောင့် ကလေးအဖေနဲ့အမေဖြစ်လာမယ့် သူတို့စုံတွဲအနေနဲ့ အပန်းဖြေအနားယူဖို့ Jeju ကို ခရီးထွက်ခဲ့ခြင်းရှိမရှိကို အင်တာနက်အသုံးပြုသူများ ကစိတ်ဝင်စားနေကြပါတယ်။ ပရိတ်သတ်အများစုက Jeju ဟာ Hyun Bin ရဲ့ အနှစ်သက်ဆုံးနေရာတစ်ခုဖြစ်တာကြောင့် Son Ye Jin နဲ့ Jeju ကိုသွားခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။ ပြီးတော့လည်း သူမဟာ ကျွန်းကို လည်ပတ်ခဲ့တဲ့ ဓာတ်ပုံတွေကို အကြိမ်ပေါင်းများစွာ မျှဝေခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/be/bea22e0df62bea582248354cf0c01569a782e86d.jpg

ဒါပေမယ့် Hyun Bin က သူ့ရဲ့သူငယ်ချင်းတွေနဲ့ ခရီးသွားနေတယ်လို့ ထင်တဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ဂျန်ဒေါင်ဂွန်း အပါအဝင် Hyun Bin ၏ မင်းသားသူငယ်ချင်းများအဖွဲ့မှ အဖွဲ့ဝင်များသည် အားလပ်ချိန်များတွင် စုရုံးလေ့ရှိကြပါတယ်။

https://s9.kh1.co/__image/w=498,h=264,q=100/36/36179f2650b5ec6061c88c49f6f7665cccd68872.jpg

တစ်ချိန်တည်းမှာပဲ 2022 ဟာ Hyun Bin အတွက် သူရဲ့နောက်ထပ်ရုပ်ရှင်များနှင့်အတူ အလုပ်များတဲ့နှစ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ “Confidential Assignment 2” အတွက် ပရိုမိုးရှင်းပြီးပါက “Harbin” အတွက် စတင်ရိုက်ကူးမှာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ပရောဂျက်အသစ်တွေမှာ ပါဝင်မယ့်အစား မိခင်ဖြစ်သူ Son Ye Jin အနေနဲ့ သူမရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ အာရုံစိုက်နေတယ်လို့ ယုံကြည်ရပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T